19.3.12

ပြည့်တဆာမ မာဂဒလ မာရိနဲ့ လင်မယား ဖြစ်ခဲ့တဲ့ ယေရူ

သမ္မာကျမ်းရဲ့ ရှောလမုန်သီချင်း ၅း၁၆ ကို မူရင်း ဟီးဗရူး အသံနဲ့ ဖတ်ကြည့်ပါ။ အဲ့ဒီမှာ သင်တို့အတွက် နောက်ပွင့်မယ့် ကိုယ်တော်ရဲ့ နာမည်ကို တိုက်ရိုက် မုဟမ္မဒီးမ် လို့ ပြောထားတယ်။ ကိုထူးတို့ကတော့ မူရင်းမသိ ဘာသာပြန်တွေကိုပဲ ဖတ်နေတော့ ဘယ်သိပါ့မလဲ။ မယုံရင် ဟီးဗရူး မူရင်းကို သိတဲ့ တတ်တဲ့ လူတစ်ဦးကို အဲ့ဒီ အပိုဒ်ကို ဖတ်ခိုင်းကြည့်ပါ။ ရိုးရိုးသားသား နားထောင်ကြည့်ပါ။

ဘုရား၏ တမန်တော်သည် သီလနှင့်ပြည့်စုံသော အပျိုစဉ်ကိုသာ ယူရမည်ဟု ပညတ်ထားသည် မဟုတ်ပါလား၊ အဘယ့်ကြောင့် မုဆိုးမများ များစွာကို ယူထားရသနည်း - - -

ယေရှုကိုယ်တိုင် အိမ်ထောင်ကျခဲ့တယ်လို့ ခရစ်ယာန် တို့  ယုံကြည်ပါသလား။ ခရစ်ယာန်တို့  မယုံကြည်ဘူး ဆိုတာ ကျွန်တော် သိနေပါတယ်။ ခရစ်ယာန်တို့ အသိထဲမှာ ယေရှု ဆိုတာ ကာမရာဂ အလွန်ကင်းသန့်တဲ့ လူပျိုကြီးလို့ ခံယူထားတာ မဟုတ်လား။ ဒီတော့ ထင်ရာများကို လျှောက်မပြောမိဘို့ လိုပါတယ်။
သမ္မာကျမ်းအထောက်အထားအရ ယေရှုကိုယ်တိုင်က ပြည့်တဆာမ မာဂဒလ မာရိနဲ့ လင်မယား ဖြစ်ခဲ့တယ်။ - - - - - ဆိုတာကိုရော ခရစ်ယာန် တို့  လက်ခံနိုင်ပါသလား။

အဲ့ဒီ ကိစ္စလေးကို အရင် စဉ်းစားလိုက်ပါ။ ပြိုပျက်ဖြည့်စွက်ထားတဲ့ ကျမ်းတွေကို အခိုင်အမာလို့ ခံစားပြီး- အဲ့ဒီ ကျမ်းတွေက လျှောက်ပြောနေတာတွေနဲ့ အခြားပုဂ္ဂိုလ်တစ်ဦး ၊ တစ်ခြား ဘုရား တစ်ပါး ကို အလွဲများနှင့်  မတိုင်းတာမိဘို့ လိုပါတယ်။

အပြုသဘောဖြင့် ဆွေးနွေးခြင်းကို အဆင့်ရှိသောလူတိုင်းက လက်ခံနိုင်ပြီး တရားမှန်ရှိသူက စိတ်ဆိုးမည် ဟုလည်း မမြင်ပါ - - - -

လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ပါတယ်။ ခရစ်ယာန်တို့ ကိုယ်တိုင်က အမှန်တရားကို ယုတ္တိရှိရှိ လက်ခံနိုင်ရင်ပေါ့။ ငါတို့ ဘာသာပဲ မှန်ရမယ်- သူများ ဘာသာ တွေ မှားနေတယ်ဆိုတဲ့ အတ္တမျိုးကတော့ မဖြစ်ဘူးလေ။ အဲ့ဒီ အတ္တမျိုးက အဆင့်ရှိတဲ့ လူသားတွေ မခံစားလို့ ဆိုချင်တယ်။
ဘာသာတရားက လူကို မကယ်နိုင်ပါ။

ရိုးရိုးသားသား ပြောပါရစေ။ အဆင့်ရှိတဲ့ ဘာသာဝင် လူသားတစ်ဦးပီပီ “ငါ - ယုံကြည်ထားတဲ့ ယုံကြည်ခြင်းကို ဘယ်သူက သင်ပေးတာလဲ။ ဘယ်ကျမ်းက သင်ပေးတာလဲ။ အဲ့ဒီ လူကကော အမှန်ကို တစ်ကယ်သိရဲ့လား၊ အဲ့ဒီ ကျမ်းက ရော တစ်ကယ် စစ်မှန်ရဲ့လား၊ မှတ်ကျောက်အတင်ခံနိုင်ရဲ့လား - ဆိုတာတွေကို စဉ်းစားစေချင်တယ်။ ဘယ်သူ ဘာ ပြောပြော ငါထင်တာ ငါမှန်တယ် ဆိုရင်တော့ သူများတွေရဲ့ ဆွေးနွေးမှုမှာ ၀င်ဖက်ရူ နေတာက ပိုကောင်းပါတယ်။

8 comments:

ကျွန်တော်တခုလောက်သိချင်လို့။ နောက်ဆုံးပိုဒ် မှာရေးထားတဲ့ (ကျမ်းတွေကိုမှတ်ကျောက်တင်တာနဲ့ပတ်သက်ပြီး ဘာနဲ့မှတ်ကျောက်တင်တာလဲသိချင်လို့ပါ)။ ကျေးဇူးတင်ပါတယ်။

ဒီမှာ မိတ်ဆွေ တစ်ခုပဲပြောလိုက်မယ် ဘယ်ခရစ်ယာန်ဝင်ကမှ ဘယ်ဘာသာကိုမှ လက်ငြိုးထောက်ပြီး ပုပ်ခပ်ပြောဆိုခြင်းမရှိဘူး။ အကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကိုလည်း အဆွေရဲ့ အောက်တန်းကျတဲ့ စကားလုံးတွေနဲ့ ပျက်အောင် ဖျက်ဆီးလို့ရမယ်ထင်နေလား။ မထင်နဲ့ ခရစ်ယာန်ဆိုတာ ချစ်ခြင်းမေတ္တာ တရားပဲပြတဲ့သူတွေ ဘယ်သူတွေဘာပြောပြော ဂရုစိုက်လိမ့်မယ်မထင်နဲ့။ ကိုယ့်ဘာသာကိုယ် ယုံကြည်ခြင်း ခိုင်မြဲပါစေ။ ဗုဒ္ဒလို့ကျင့်နိုင်အောင်အရင် ကြိုးစားလိုက်အုန်း။ ဂေါတမက အဆွေလို ဒီလိုစကားလုံးမျိုးတွေသုံးနှုန်းကျင့်ကြံပြီးမှ ဘုရားဖြစ်သွားတယ်ဆိုရင်တော့လည်း အကျွန်ုပ်အဆွေ့ကို ဘာမှမပြောလိုပါဘူး။ ကိုယ်ထင်ရာလျှောက်ပြောနေသူတွေက ဂေါတမ သားသမီးတွေလား။

သူငယ်ချင်းတို့ရေ ဘာသားတရားတိုင်မှာ လူတိုင်းကိုချစ်ဖို့ သင်ပေးကြပါတယ် ကျွန်တော်က ဘယ်ဘာသာကလဲဆိုတာကိုတော့ မပြောတော့ဘူး တရာမျှတမှုကိုဖြစ်စေခြင်တယ် ဘာသာတရားတစ်ခုနဲ့ တစ်ခု မဆော်ကားကြပါနဲ့ တစ်ယောက်နဲ့တစ်ယောက်လေးစားကြပါ မေတ္တာသဘောကိုအခြေခံကြပါရန် နှင့်အခု သင်းထာတော့ ပုတ်ခတ်မှုများကိုကောင်းသောသဘောတရားအားဖြင် ပြန်လည်ပြင်ဆင်ပေးကြပါရန်မေတ္တာမွန်ဖြစ်.........

လူငယ်ပီပီ အမှန်တရားကို အမှန်အတိုင်း အထောင့်အထားတွေနဲ့ ကျမ်းအကိုးအကားတွေနဲ့ ပြောဆိုတာ သဘာဝကျပါတယ်... အမှားကိုအမှန်လုပ်ပြီး လိမ်ဇာတ်ခင်းနေတဲ့ ဒီခေတ်ကြီးထဲမှာ ကိုယ်သိတဲ့စာပေလေး တစ်ချို့တစ်ဝက်နဲ့ လူတွင်ကျယ်မလုပ်မိဖို့က အရေးကြီးပါတယ်...ကမ္ဘာပေါ်မှာ ဘာသာကြီးလေးခုပဲရှိပါတယ်... အားလုံးကို သဘောထားကြီးကြီးနဲ့လေ့လာထားသင့်တယ်...အသေးစိတ်မလေ့လာနိုင်ရင်တောင် အရေးကြီးတဲ့ အနှစ်သာရတွေ အချုပ်တွေ ကျင့်စဉ်တွေရဲ့သဘောသဘာဝတွေကို အချိန်အတိုအတွင်းမှာ လေ့လာနိုင်ပါတယ်... အကြံတစ်ခုပေးချင်တာက အရေးကြီးတဲ့ အနှစ်သာရအချက် အဓိကအချက်တွေကို ခပ်များများဆွေးနွေးစေခြင်ပါတယ်... စာပေဗဟုသုတလည်းမရှိ၊ သူများပြောတာလည်းမယုံ၊ ကိုယ်ကိုတိုင်လည်းမလေ့လာ၊ ဆွဲဆောင်တဲ့ဘက်ကို လိုက်ပြီးသူများပါးစပ်ဖျားမှာ လမ်းဆုံးနေတဲ့သူတွေ၊ ကိုယ့်ဘာသာမှလွဲပြီးသူများဘာသာတွေကို မလေ့လာတဲ့သူ၊ ငါ့ဘာသာအကောင်းဆုံးဆိုပြီး ဘာကောင်းမှန်းလည်းမသိသူ၊ ကိုယ်သိတဲ့နည်းနည်းလေးကို အဟုတ်ထင်ပြီး အခြားသောဘာသာတရားက ကိုယ့်ထက်အဆပေါင်းများစွာမြင့်မြတ်ပြီး စစ်မှန်ပြီး ဘယ်ဘက်က မေးမေး အမေးခံ၊ အပြောခံ၊ လက်တွေကျ၊ သဘာဝကျ၊ ပညာရှင်တွေချီးမွမ်း နေတယ်ဆိုတာ မသိလိုက်မသိဘာသာ နေတတ်သူတွေကိုတော့ မပြောပါနဲ့... သူလမ်းသူသွားပါစေ....

ကျမ်းအတိအကျလေးပြလင်းပါအုံး ဘရို

ကျမ်းအတိအကျလေးပြလင်းပါအုံး ဘရို

၁၆နှုတ်တော်သည် အလွန်ချိုပေ၏။ တကိုယ်လုံး၌ ချစ်ဖွယ်သော ဂုဏ်တော်အပေါင်းတို့နှင့်ပြည့်စုံတော်မူ၏။ ယေရုရှလင်မြို့သမီးတို့၊ ဤသူသည် ငါချစ်ရာသခင်၊ ငါ့မိတ်ဆွေဖြစ်တော်မူသတည်း။

Bally's Philadelphia opens new gaming space in center mall - KTNV
Bally's Philadelphia opened a new 남원 출장안마 gaming 광명 출장안마 space in center mall Tuesday, Jan. 나주 출장샵 18, to complement the space 용인 출장마사지 previously 김제 출장샵 occupied by the

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More