19.3.12

လူမျိုးပြုတ် သတ်ဖြတ်ခဲ့တဲ့ ယေရူ

သမ္မာကျမ်းလာ ဖွင့်ဆိုထားတဲ့ ဘုရားသခင် ကိုယ်တိုင် လူသားတွေကို မျိုးပြုတ် သတ်ဖြတ်ခဲ့တာ - ယေရှု မှတ်စာ ၆း၂-၅။ ၁၀း ၂၈-၄၅ ကိုလည်း ဖတ်ကြည့်ပါဦး။ အဲ့ဒီမှာ ဘုရားသခင်ရဲ့ ၀ိညာဉ်ခွန်အားတွေနဲ့ လူပေါင်း ဘယ်လောက်ကို ယေရှုက သတ်ခဲ့သလဲ။

အဲ့ဒီ ၀ိညာဉ်ခွန်အားနဲ့ အသက်ချမ်းသာ ပေးခဲ့တာ ဖာသည် မိသားစု တစ်စုပဲ ရှိနေတယ်။ သေချာအောင် ဖတ်ပြီးမှာ မေတ္တတရားအကြောင်းကို ပြောပေါ့ဗျာ။ သို့မဟုတ်ရင် ကျမ်းစာကို လိမ်ညာလှည့်ပတ်ပြီး တင်ပြနေသူ ဖြစ်နေဦးမယ်။

ယေရှုသည် ထာဝရဘုရားဖြစ်ပါသည်၊ ဟေရှာယ 96း မှာ ကြိုတင်ပရောဖက်ပြုထားသည့်အတိုင်း လူ့ဇာတိခံယူခဲ့ပါသည်။ ထာဝရဘုရားဖြစ်ကြောင်း ပြုခဲ့သောအမှုနှင့် အဆိုအမိန့်တို့ အခိုင်အမာ တည်ရှိနေပါသည်။

ခရစ်ယာန်တို့ ပြောနေတဲ့ အခိုင်အမာ ဆိုတဲ့ စကားက ဘယ်သူပြောတဲ့ စကားလဲ။ ဘယ်ကျမ်းကပြောတာလဲ။ သမ္မာကျမ်းကိုယ်တိုင် အခိုင်အမာကျမ်း ဖြစ်ရဲ့လား - အပေါ်မှာ အကွဲအလွဲတွေကို ဖေါ်ပြထားပြီး ဖြစ်လို့ ပြန်သုံးသပ်ပါဦး ။

လက်ရှိသမ္မာကျမ်းမှာ ယေရှုရဲ့ အဖိုးနာမည်တောင် မဲဿဲကျမ်းက ဖေါ်ပြတာနဲ့ လုကာ က ဖေါ်ပြတာ လွဲနေတယ်။ ဘယ်ကျမ်းက အမှန်လဲ ဆိုတာ အရင်ရှင်းပါဦး။ လက်ရှိသမ္မာကျမ်းအရ မယ်တော် မာရိနဲ့ ဒါဝိတ်မင်းကြီး အမျိုးတော်စပ်ကြောင်း လုံးဝ အထောက်အထား မရှိဘူး- ဒီတော့ ဒါဝိတ်ရဲ့ အမျိုး ဒါဝိတ်ရဲ့ အနွယ်လို့ ကြေငြာထားတဲ့ ယေရှုဟာ- ယောသပ် နဲ့လည်း ဘာမှ မတော်ဘဲ ( ယောသပ်၏ မယားပါ သားမျှသာ ဖြစ်ယုံနဲ့ ) မာရိဘက်က ဘယ်လိုဆက်စပ်ပြီး ဒါဝိတ်နဲ့ အမျိုးတော်သလဲ။ သမ္မာကျမ်းအရ ဒါဝိတ်နဲ့ အမျိုးတော်မှ ဧမာနွေလ ဖြစ်မယ်။ ဒါကို ဟေရှာယမှာလည်း အတိအကျပြောသလို၊ မဿဲ မှာလည်း  ပြောတယ်။

3 comments:

ခွေးစိတ်ဓာတ်ပဲရှိမှာ ဒီစာရေးဆရာ

အိုး...စာရေးသူ သင်ယုံကြည်ကိုးကွယ်ရတဲ့ ဘုရားက သင့် ကို ဒီလိုမျိး သူတပါးယုံကြည်ရတဲ့ဘုရားတွေကို လုပ်ကြံရှုပ်ချဘို့ အတွက် သွန်သင်ထားသလား( ယေရှု.ကိုယုံကြည်ကိုးစားသူ )

တကယ်​ပါပဲကွာ ။ဗုဒ္ဓဘာသာကို အမျိုးမျိုးရှုတ်​ချ ယုတ္တိမရှိဘူး သွယ်​ဝိုက်​တဲ့နည်း​ရော ဒဲ့​ရော ဖဲ့တာကြ​တော့ သင်​တို့ကိုးကွယ်​တဲ့ဘာသာရဲ့ဘုရားက ဘာမှမ​ပြောခဲ့ဘူးလား။ သင်​တို့က ​ဗုဒ္ဓဘာသာကို ရှုတ်​ချတယ်​ ဒါ​ပေမယ့်​မနာပါဘူး သင်​တို့ဘာသာရဲ့ အမှန်​တရားကို ​​ပြောပြ​တော့ သင်​တို့က ဘာ​ကြောင့်​ လက်​မခံနိုင်​ဖြစ်​ရတာလဲ။ အဲ့အခါကျ​တော့မှ ​ဗုဒ္ဓဘာသာက အဲ့လို သူတစ်​ပါးဘာသာ​တွေကို ​စော်​ကားဖို့သင်​ထားတာလား ဘာလားနဲ့။ ​တော်​​တော်​လည်​တဲ့ လူ​တွေပါလား။ အခု​ပြော​နေတာ​တွေက လက်​​တွေ့ကြုံ​နေရလို့​ပြော​နေတာ။ လူဆိုတာ ​သတ္တဝါ​တွေထဲမှာ ဥာဏ်​ရည်​အမြင့်​ဆုံးပါ။ အသိဥာဏ်​ရှိရဲ့နဲ့ ဘာလို့ အမှန်​​တွေကို ဘာလို့ လက်​မခံချင်​ကြတာပါလဲ?။ မမှန်​ဘူးဆိုလဲ အ​ထောက်​ထားနဲ့ ပြန်​ရှင်းပြနိုင်​ရမယ်​​လေ။ ကိုယ်​ပိုင်​ဥာဏ်​နဲ့ စဉ်းစားဆုးံဖြတ်​ပါ။ ​သခင်​​ယေရှု​ပြောသလို "ဘာပြုလို့ ငါ​ပြောတာပဲယုံ၊ဆင်​​ခြေမတက်​နဲ့ "အဲ့ဒီစကားကို မျက်​ကန်းတစ်​ဖက်​ကန်းယုံတဲ့ ဘာသာမဟုတ်​ပါဘူး။ ​ဗုဒ္ဓမြတ်​စွာဘုရားက ​ပြောခဲ့ပါတယ်​ "ငါ​ပြောတိုင်းလည်း မယုံနဲ့၊ဆရာတိုင်းလည်း မယုံနဲ့၊ ကျမ်းစာက​ပြောတိုင်းလဲ မယုံနဲ့" တဲ့။ ​ပြောချင်​တာက ကိုယ်​ပိုင်​ဦး​နှောက်​ရှိရဲ့နဲ့ မစဉ်းစားမ​တွေး​ခေါ် ​ပြောတာယုံပြီး​နေတဲ့သူဟာ ဘယ်​သူ​တွေပါလဲ။ ကိုယ့်​ကိုကိုယ်​သိပါ။ ​ဗုဒ္ဓ​ပြောသလို ဘယ်​ဘာသာက ​ပြောဖူးပါသလဲ။ ကိုယ်​မှန်​ရင်​ ​ပြောရဲနိုင်​ရမယ်​ ရင်​ဆိုင်​နိုင်​ရမယ်​။ စဉ်းစားသာကြည့်​​တော့။ အခု​ပြော​နေတာက ကျွန်​​တော်​က ​ဗုဒ္ဓဘာသာဖြစ်​လို့ အခြားဘာသာ​တွေကို ​စော်​ကား​ပုတ်​ခတ်​​နေတာမဟုတ်​ဘူး​နော်​။ အမှန်​ကို အမှန်​လို့ ​ပြောတာ မှားပါသလား။ တို​တောင်းလှတဲ့ လူ့ဘဝမှာ ကိုးကွယ်​ရာ ဘာသာအစစ်​အမှန်​ကို ရယူချင်​တယ်​ဆိုရင်​ ကိုယ်​ပိုင်​ဥာဏ်​နဲ့ စဉ်းစား​တွေး​ခေါ်ပါ။ ကိုယ်​ဘာသာကိုလည်း ​ဝေဖန်​နိုင်​ရမယ်​ အခြားဘာသာ​တွေကိုလည်း ​လေ့လာပါ ဆန်းစစ်​ပါ။ မှန်​ကန်​တဲ့နည်းနဲ့သာ ​​လေ့လာမယ်​ဆိုရင်​ သင်​ကိုးကွယ်​ရာ ဘာသာအစစ်​အမှန်​ကို ရပါပြီ။ ဒါပါပဲ။ အခုကျွန်​​တော်​​​ပြောတာ အမှားပါချင်​ပါလိမ့်​မယ်​ ဆိုလိုရင်းက​တော့ သိ​လောက်​မှာပါ။ တစ်​ဖက်​ကန်းယုံတဲ့စိတ်​ကို စွန့်​လွှတ်​ပြီး စစ်​မှန်​​သောအရာ​ကို ပိုင်​ဆိုင်​နိုင်​ပါ​စေ..
ခရစ်​ယာန်​နဲ့ ​ဗုဒ္ဓဘာသာတို့ရဲ့ ​ဘာသာ​ရေး​အ​မေးအ​ဖြေပြိုင်​ပွဲစာအုပ်​ပါ။ဒီစာဖတ်​ရင်​​တော့ အနည်းငယ်​ သိသွားကြမှာပါ။ နှစ်​ဖက်​လုံးက ဘာသာ​ရေး​ခေါင်း​ဆောင်​​တွေ အ​မေးအ​ဖြေလုပ်​ကြတဲ့ပြိုင်​ပွဲပါ အခြားစိတ်​မပါပါဘူး။ ​စာအုပ်​နာမည်​က ​ကျောက်​ကွင်းအ​ရေး​တော့ပုံပါ။
http://www.mediafire.com/?f208o8j9bbq3qmi
ဒီစာအုပ်​​လေးကို ဖတ်​ပြီး ကိုယ်​ပိုင်​ဥာဏ်​ဖြင့်​ စဉ်းစားနိုင်​ကြပါ​စေ။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More