18.3.12

ကာလာမသုတ်တန်က ဒီလိုတွေ မဖြစ်ဖို့ဟောခဲ့

ဗုဒ္ဓ၀ါဒ အယူစစ်တမ်း (၀ိဘဇ္ဖ၀ါဒ)

မြတ်စွာဘုရားဟောကြားတော်မူသော ကာလမသုတ်အနက် ကို ခရစ်ယာန်တို့ နားမလည်ပါဘူးတဲ့ ။ ကျွန်တော့် ဦးနှောက်နဲ့ အနက် ဖွင့်ဆို ပြပါမယ်။ စာရေးသူ အာဘော် သာလျှင် ဖြစ်ပါသည်။ လူပိန်း (အထက်ပုံပါ ခေါင်းဖြူ ) နားလည်အောင် ရှင်းပြ ရလျှင်



၁) တစ်ဆင့်ကြားသိရုံမျှဖြင့်လည်း အမှန်လို့မယူကြနဲ့
(သူများပြောတာနဲ့ ယေရှုဟာ ဘုရားသားဆိုတာရော၊ ရှင်သန်ထမြောက်တယ်ဆိုတာရော စသည်ဖြင့် အကုန်လုံးကို တဆင့်ကြားပြီးယုံခဲ့တာ ဘယ်သူတွေလဲ..အေးအဲဒီလိုမဖြစ်စေနဲ့)
၂) မိရိုးဖလာလက်ခံသော အယူဖြစ်ရုံမျှနဲ့လည်း အမှန်လို့မယူကြနဲ့
(ဟိုးခေတ်အဆက်ဆက် ထင်ရာမြင်ရာလျှောက်ရေးထားတာတွေကို ပြင်လိုက်ဆင်လိုက်ဖြည့်စွက်လိုက်နဲ့ မိရိုးဖလာနဲ့ အသစ်ပြင်ထားတာတွေ သတ်ကြဖြတ်ကြ.... အေး..အဲဒီလိုမဖြစ်စေနဲ့)

၃) ကောလဟာလအကြားနဲ့လည်း အမှန်လို့ မယူကြနဲ့
(ဘယ်သူမှမမြင်လိုက်တာကို ရှင်သန်ထမြောက်သွားပါတယ်လို့ ဂုဏ်သရေမရှိသူက ကောလဟာလလွှင့်တာကိုယုံခဲ့ကြတာ ဘယ်သူတွေတုန်း....အဲဒီလိုမဖြစ်စေနဲ့)

၎) ကျမ်းစာနဲ့ကိုက်ညီရုံမျှနဲ့လည်း အမှန်လို့မယူကြနဲ့
(တစ်ချို့က ဘာသာတစ်ခုတည်းက ကျမ်းစာအချင်းချင်းတောင် မကိုက်ညီတတ်ကြဘူး... ဒါလဲယုံကြတာဘဲ... အဲဒီလိုမဖြစ်စေနဲ့)

၅) ကြံဆသိခြင်းမျိုးနဲ့ လည်း အမှန်လို့မယူဆကြနဲ့
(ဘုရားသခင်ဆိုတာ ရှိကိုရှိရမယ်လို့ ကိုယ်ဥာဏ်မမှီတိုင်း ကြံဆ မှန်းဆပြီးတော့ အမှန်ယူနေကြတာ ဘယ်ဘာသာဝင်တွေလဲ ...အေး..အဲဒီလိုမဖြစ်စေနဲ့)

၆) နည်းမှီသိခြင်းမျိုးနဲ့လည်း အမှန်လို့မယူကြနဲ့
(ကိုယ်တိုင်လဲ နားမလည် မသိဘဲ ရှေးလူတို့ပြောတာကိုမှီငြမ်းပြီးတော့ ဘုရားသခင်ရှိကြောင်းအမှန်လို့ ထင်နေကြတာ ဘယ်ဘာသာလဲ... အေး..အဲဒီလိုမဖြစ်စေနဲ့)
၇) ဆီလျှော်သည်ဟုသုံးသ ပ်မိရုံမျှဖြင့်လည်း အမှန်လို့မယူကြနဲ့
(ဆီလျော်ပါတယ်လို့ သုံးသပ်ဖို့တောင် သိပ္ပံနည်းလည်းမကျ (ကမ္ဘာကြီးပြား)၊ ရှေ့နောက် လဲမညီညွတ်၊ စာအုပ်အချင်းချင်းတောင် အချက်အလက်တွေက မမှန်မကန် မဆီလျှော်တာ ဘယ်ဘာသာလဲ... အဲဒါတွေသတိထား..)

၈) အယူခြင်းထပ်မိရုံမျှဖြင့်လည်း အမှန်လို့မယူကြနဲ့
(အယူထပ်မိဖို့နေနေသာသာ တပည့်ချင်းအတူတူတောင် ရေးသားလိုက်ပုံချင်းတွေက တလွဲ... အဲဒီလိုမဖြစ်စေနဲ့)

၉) ယုံအပ်သူရဲ့စကားဖြစ်ရုံမျှဖြင့်လည်း အမှန်လို့မယူကြနဲ့
(အဲဒါပိုဆိုးတယ်.... လိမ်လည်စကားဆိုတတ်တဲ့သူရဲ့ သာသနာဆိုတော့ .... ပိုဝေးပြီ... မင်းတို့သတိထားကြ)

၁၀) ဆရာစွဲနဲ့လည်း အမှန်လို့မယူကြနဲ့
(ဒါလဲအတူတူဘဲ.... သူ့ဘာသာတောင် လူသား အဖေဖြစ်လိုက်၊ ဘုရား သားဖြစ်လိုက်နဲ့ရှုပ်နေတာကို အဲဒီလိုလူမျိုးပြောတာကို ယုံတာဘယ်သူတွေလဲ...အဲဒါတွေ မဖြစ်စေနဲ့)

လို့ - - - ကျွန်တော် အနက်အဓိပ္ပါယ်ဖွင့်ဆို မှာကြားပါရစေ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More