18.3.12
ဆွေးနွေး အဖြေရှာ တမလွန် ရေးရာ - - -
ဗုဒ္ဓ၀ါဒ အယူစစ်တမ်း (၀ိဘဇ္ဖ၀ါဒ)
မြတ်စွာဘုရား ဟောကြားတော်မူသော ကာလမသုတ် အနက်
ကာလမအနွယ်ဝင် အမျိုးသားတို့
၁) တစ်ဆင့်ကြားသိရုံ မျှဖြင့်လည်း အမှန်လို့မယူကြနဲ့
၂) မိရိုးဖလာလက်ခံသော အယူဖြစ်ရုံမျှနဲ့လည်း အမှန်လို့မယူကြနဲ့
၃) ကောလဟာလအကြားနဲ့လည်း အမှန်လို့ မယူကြနဲ့
၎) ကျမ်းစာနဲ့ကိုက်ညီရုံမျှနဲ့လည်း အမှန်လို့မယူကြနဲ့
၅) ကြံဆသိခြင်းမျိုးနဲ့ လည်း အမှန်လို့မယူဆကြနဲ့
၆) နည်းမှီသိခြင်းမျိုးနဲ့လည်း အမှန်လို့မယူကြနဲ့
၇) ဆီလျှော်သည်ဟု သုံးသပ်မိ ရုံမျှဖြင့်လည်း အမှန်လို့မယူကြနဲ့
၈) အယူခြင်းထပ်မိရုံမျှဖင့်လည်း အမှန်လို့မယူကြနဲ့
၉) ယုံအပ်သူရဲ့စကားဖြစ် ရုံမျှဖြင့်လည်း အမှန်လို့မယူကြနဲ့
၁၀) ဆရာစွဲနဲ့လည်း အမှန်လို့မယူကြနဲ့
မဟုတ်မမှန်သော သဘောထားသေးသိမ်သည့် ဥာဏ်နည်းမုသား စွပ်စွဲချက်များ
ခရစ်ယာန် ဘာသာဝင်တို့ ပြောပြောနေကြတဲ့ လောကိုစိတ်ကုန်လို့ . . လူ့ဘ၀ကိုစွန့်ကာ ဦးဇင်းဝတ်ခဲ့ပါတယ်. . . ငါးနှစ်ကျော်ထိုကျောင်းတွင် တရားဓမ္မတို့ကို ကျင့်ခဲ့ပါတယ်ဆိုတဲ့ အရှင်က ပိဌိကတ်သုံးပုံပါအကြောင်းတွေကို ဆွေးနွေးကြည့်တော့. . . သူက ထိုကျမ်းကိုပင် မမြင်ဖူးပါဘူးတဲ့ . .  ကျောင်းမှာ မရှိလို့လားဆိုတော့.. သူများလှူထားတာ ရှိတယ်.. သေ့တ္တာနဲ့ ထားတယ်... သော့ခတ်ထားတော့ မြင်တောင် မမြင်ဖူးဘူးတဲ့.....
အဲ့သည်လို စွပ်စွဲ အပုတ်ချ ထားပါတယ်။
သူတို့ ပြောတဲ့ ဦးဇင်း ဟာ တရားဓမ္မ ကို စစ်မှန်စွာ လေ့လာလိုက်စားချင်လို့ ဗုဒ္ဓသားတော် အဖြစ်ခံယူခဲ့တာ မဟုတ်ခဲ့ပါဘူး ။ ငြိမ်းချမ်းသော ဘဝ တစ်ခု လိုအပ်တောင်းတ မိသောကြောင့်သာ သာသန ဘောင်မှ လက်ခံ ဦးဇင်း ဝတ်ခဲ့ ခြင်းသာ ဖြစ်ပါတယ်။
ဦးဇင်း ဝတ်သော ရည်ရွယ်ချက်ခြင်း မတူညီပါ။ ခရစ်ယာန် ဘာသာဝင်တို့ စွပ်စွဲ အပုတ်ချပြီး ပိဌိကတ်သုံးပုံ ဟာ ဘာမှန်းမသိပါ လို့  ပြောဆိုထားတဲ့ ဦးဇင်းဟာ တရားဓမ္မ သိနားလည်ချင်လို့ သာသန ဘောင်ထဲ ဝင်ခဲ့တာ မဟုတ်ပါဘူး။ လောကီ ရေးရာ စိတ်ကုန်လို့ ခေတ္တ ငြိမ်းအေးမူ ရှာခဲ့ သူသာဖြစ်ပါတယ်။  ထို့ ကြောင့်
ခရစ်ယာန် ဘာသာဝင်တို့ စွပ်စွဲ အပုတ်ချပြီး ပိဌိကတ်သုံးပုံ ဟာ ဘာမှန်းမသိပါ လို့  ပြောဆိုထားတဲ့ ဦးဇင်းကို
ပိဌိကတ် သူံးပုံ ဖက်ရူရန် ခွင့်မပြုခြင်း ဖြစ်ပါတယ်။ ခွင့်ပြုလဲ အပိုပါ။ နားလည်နိုင်ရန် မတက်စွမ်းနိုင်ပါ။
ဥပမာ -
ဘာကြောင့် လူတိုင်း မသိရှိရသနည်းဆိုတော့ လမ်းဘေး သူတောင်းစား တွေကို ဒါ ပိဌိကတ် သူံးပုံကွ ၊ ဘုရားဟောခဲ့တာတွေ ပြန်လည် မှတ်တမ်းတင်ထားတာ ဖက်ဆိုပြီး ဖက်ခိုင်းလို့ ရမလား။ မရဘူးလေ ။ ရေးမှတ်ထားတဲ့ ဘာသာက ပါဌိ ။ ဖက်ခိုင်းလဲ နားလည်မှာမဟုတ်ဘူး။ ဖက်ဖို့ လဲ အဆင်မမှီပါဘူး။
ဒါဆို အဘယ်ကဲ့သို့ သော လူသားတွေ ဖက်ခွင့် ရှိပါသလဲ ဆိုလျှင် - -
ပါဌိ ဘာသာ နားလည် တက်ကျွမ်း ရေးနိုင် ၊ ဖက်နိုင် ၊ ပြောနိုင်တဲ့ ဘုန်းတော်ကြီးပေါင်း မြောက်များစွာ ၊ ရဟန်း သာမဏေ မြောက်များစွာ ၊ ဦးပဇင်း ပေါင်းစွာဟာ ဖက်ရူ လေ့လာနိုင်ပါတယ်။
ခရစ်ယာန်တို့ ဗုဒ္ဓဘာသာ အပေါ် အပုတ်ချ စော်ကားခြင်းအပေါ် ဖြေရှင်းချက်
စာရေးသူတို့  နဲ့ ဆွေးနွေးတဲ့ ခရစ်ယာန် ဘာသာဝင်ဟာ အလကားအားနေလို့ အချိန်ပေးရေးတာ မဟုတ်ပါဘူးတဲ့ - - - - ခရစ်ယာာန် သာသနာပြု ဘုန်းကြီးလည်းမဟုတ်ပါဘူးတဲ့ - - -  ဘုရားကျောင်း တက်လျှင် ပရိသတ်ခုံမှာပဲ အမြဲ ထိုင်နေရသူဖြစ်ပါသတဲ့ - - - -
ဘာ့ကြောင့် အချိန်ကုန်ခံဆွေးနွေးနေသလဲ ဆိုလျှင် သူတို့ ဟာ မြန်မာပြည်မှာ မွေးပြီး မြန်မာ စကားပြော ၊ မြန်မာစာဘဲ ရေးဖက် နေသူတွေပါတဲ့ ၊ တိုင်းတပါးမှာလည်း မပျော်ပါဘူးတဲ့- - -  မိမိရဲ့ တိုင်းပြည်မှာပဲ ပျော်လို့ ပြန်လာတယ်.. ဒီတိုင်းသူပြည်သားတွေဟာ သူတို့ နဲ့ ညီအစ်ကို မောင်နှမတွေပါဘဲ တဲ့ - - - တစ်မြေထဲမှာ နေ တစ်ရေထဲ သောက်ပြီး  အတူ မွေးဖွားခဲ့ကြတယ်တဲ့ - - - -  ကောင်းတူ ဆိုးတူ ခံစား ခဲ့ကြတဲ့ သွေးရင်းတွေကို သူတို့  သိတဲ့သမ္မာတရားအကြောင်း မဝေမျှရင် သူတို့ ဟာ သစ္စာမရှိသူမဖြစ်ချင်ပါတဲ့။
ပုဂ္ဂိုလ်ရေးထက် တရားရေးကို အပြုသဘောနဲ့ ဆက်လက် ဆွေးနွေးကြပါလို့ တိုက်တွန်းချင်ပါတယ်။
ရန်ဖြစ်သလို ငါ့ဘာသာမှ အမှန် ငါတို့ စာအုပ်ထဲမှာ ငါတို့ ထာဝရ ဘုရားက ဒီလိုရေးထားတယ် ဆိုပြီး မျက်စိမှိတ် ဖင်ရှုံ မငြင်းပါနဲ့ လို့ - - - - -
အဲ့ဒီလို ထာဝရ ဘုရား ကိုယ်တော်တိုင် ရေးထားတဲ့ စာအုပ်သေးသေးလေးက မှန်နေရင်တော့ လက်ခံပါတယ်။ ဒါပေမဲ့ လွဲနေတာတွေ က များနေလေတော့ - - - -
ကျွန်တော်လဲ မပြောလိုတော့ပါဘူး။ မငြင်းလိုတော့ပါဘူး။ သူ့ ထိုက်နဲ့ သူ့ ကံဘဲ ရှိပါစေတော့။
0 comments:
Post a Comment
Share
Twitter Delicious Facebook Digg Stumbleupon Favorites More