18.3.12
ဂိုဏ်းငယ် ၊ ဂိုဏ်ကြီး ဘယ်အချိန် ကျမ်းပြုကြသလဲ
ခရစ်ယာန်များ ၏ ဥာဏ်နည်း စွပ်စွဲချက် - - - -
ဗုဒ္ဒသည် မည့်သည့် ကျမ်းတစ်စောင်မျှ မထားခဲ့သလို မည်သည့်စာ တစ်လုံးမျှလည်း မရေးခဲ့ပါ...။ ဗုဒ္ဒပျံလွန်ပြီး ဗုဒ္ဒနောက်လိုက်များဟာလည်း ဂိုဏ်းငယ်လေးအသွင်ဖြင့်သာ နှစ်ပေါင်း နှစ်ရာကျော် တည်ခဲ့ပါသည်။ 
ဘီစီ 300 ခန့်မှာ အိန္ဒှိယတွင် အာသောက ဘုရင်မင်းတက်ပြီး ထို အလယ်အလတ်ကျင့်စဉ်ဖြစ်တဲ့ ဗုဒ္ဒရဲ့ဂိုဏ်းငယ်ကို ဘာသာကြီးတစ်ခုအနေ နဲ့ ကိုးကွယ်စေခဲ့ပါတယ်... ဒါတင်မက သာသနာပြု အများကိုလည်း နိုင်ငံခြားသို့စေလွှတ်ခဲ့ပါတယ်... အာသောကဘုရင် ကွယ်လွန်သောအခါ နောက်တက် ဘုရင်များအားလုံး ထိုဘာသာကို လက်မခံခဲ့လို့ ဗုဒ္ဒဂိုဏ်းငယ်ကို ဘာသာကြီးဖြစ်စေခဲ့သော အိန္ဒိယတွင် ထိုဘာသာမရှိတော့အောင် နှိမ်နှင်းခံခဲ့ရသလို ယခုအခါမှာလည်း .. မရှိသလောက်ပင်ဖြစ် ပါသည်။
ဗုဒ္ဒလွန်ပြီး ၄၅၈ နှစ်ကြာမှာ သီရိလကာင်္တွင် မင်းကြီးနဲ့ ရဟန်းများက ပိဌိကတ်သုံးပုံကို ပြုစုခဲ့ကြသည်ဟု သမိုင်းတွင် ရှိခဲ့ပါသည်။
ထိုကျမ်းကို ဗုဒ္ဒဂိုဏ်းငယ်အား ဘာသာကြီးအဖြစ် သာသနာပြုခဲ့သော အိမ်နီးချင်း အိန္ဒိယတွင်ပြုစုသည်ဆိုလျှင်တော်ပါသေးသည်
၁) ယခုတော့ ၄၅၈ နှစ်လွန်မှ တကျွန်းတစ်နိုင်ငံခြားပြီး သီရိလကာင်္တွင်ပြုစုသည်ဆိုတော့ သင် လက်ခံနိုင်ပါမည်လား.....
၂) ပြုစုသည်ထားဦး မျက်မြင်မရသော တမလွန်အရေးအတွက်အရေးကြီးသည်ထိုကျမ်းက မျက်မြင်ရသော အရာတို့ကိုဖေါ်ပြရာတွင် အားလုံးလွဲနေကြောင်းသိရပါသည်။။။ ဥပမာ .. သီဟိုရ်ကျွန်း၏ အကျယ်အ၀န်း .. ၄င်း ကျွန်းဝန်းကျင်မှ မြစ်ကြီး မြစ်ငယ်အေ၇အတွက် ကျွန်းကြီးကျွန်းငယ်အေ၇အတွက် အားလုံးလွဲရုံမက အလွန့်အလွန်ပင် လွဲနေပါသည်... မျက်မြင်အရာကိုမှ မှန်အောင် မဖေါ်ပြနိုင်လျှင် မျက်မြင်မရသော တမလွန်အရာတို့ကို အဘယ်သို့ စိတ်ချနိုင်ပါမည်နည်း......
၃) ယခု အင်တာနက်ခေတ်ပင်ရောက်နေပါပြီ... မွေးမွေးခြင်းလမ်းလျှောက်တယ်ထားဦး.. စကားပြောသည်ပဲ ထားဦး.. ငါသည် အဦးဆုံး အရင်ဆုံး အမြတ်ဆုံးဟု ကြွေးကြော်သည် ဆိုက ဖြစ်နိုင်ပါမည်လား.. ထို့ထက် မွေးမွေးခြင်း လမ်းလျှောက် ခြေလှမ်းတိုင်းကြာတွေပွင့်... ဘုရားအဖြစ်တောထွက်စဉ် .. ရှစ်ဥသဘ အကြယ်ရှိတဲ့မြစ်အား စီးမြင်းကို အမှတ် ပေးသည်နှင့် လွှားကနဲခုန်လိုက်ရာ မြစ်တစ်ဖက်ကမ်းကို ရောက်ရော... ဒါတွေဟာ.... သမိုင်းလာ ပုံပြင်လား......
ပြန်လည် ဖြေရှင်းချက် - - - -
အဲ့ဒီသဘောဆိုရင် သမ္မာကျမ်းကရောဘာထူးလဲဗျာ။
ကွန်စတန်တင်းဘုရင်လက်ထက်မှစိစစ်ထားတာပါ။ ကွန်စတန်တင်းဘုရင်က အေဒီသုံးရာစုမှာမှ နန်းတက်တာနော်။ ခရစ်ဝင်မူကွဲပေါင်းစုံ ကျမ်းပေါင်းစုံဖြစ်နေရာကမှ စိစစ်ထားတာနော်။ ခုထိ Biblical Apocrypha အနေနဲ့ကျမ်းတွေရှိနေသေးတယ်။ ဥပမာဆိုရင် Gospel of Judas ဗျာ။
ခင်ဗျားတို့ ဖတ်ဖူး မဖက်ဖူးတော့မသိဘူး။ ကျနော်တော့ဖတ်ဖူးတယ်။
ဒါနဲ့ ခင်ဗျားတို့ ခရစ်ယာန်တွေက ဗုဒ္ဓဘာသာပာာ ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုပြီးနောက် ဂိုဏ်းငယ် အသွင်ဖြင့်ရှိခဲ့တယ်လို့ပြောတယ်နော်။
ခရစ်ယာန်ရောဘာထူးလဲ။ ယေရှု သေလွန်ပြီးနောက်မှာ ဘယ်လိုအသွင်နဲ့ရှိနေခဲ့လည်းဆိုတာတော့ ခင်ဗျားတို့ အသိဆုံးပါ။
နောက် ဗုဒ္ဓ၀င်မှာပါတဲ့ ခရစ်ယာန်တို့  အပုတ်ချထားပြောဆိုနေတဲ့ မွေးမွေးချင်းလမ်းလျှောက်တာတို့ ဘာတို့ အဲ့ဒါမျိုးတွေ ခင်ဗျားတို့ ခရစ်ဝင်မှာရောမပါဘူးလား။ Old Testament ထဲမှာပိုတောင်ပါဦးမယ်။ ကျနော်ပြောတာပာုတ်တယ်ပာုတ်။
ခင်ဗျားတို့ က သမ္မာကျမ်းထဲပါတဲ့ သဘာဝလွန်ဖြစ်ရပ်တွေကျတော့တကယ်ပါ တကယ်ပါနဲ့... သူများ ဘာသာ ကပာာတွေကျတော့မပာုတ်ဘူး။ မဖြစ်နိုင်ဘူးတွေပြောနေတာက ခင်ဗျားတို့  ခရစ်ယာန်တွေ နည်းနည်း မလွန်ဘူးလား။ အို - - - များများကို လွန်တယ်။ လွန်ကို လွန်လွန်းတယ်။ ဆောက်ရှက် တစ်ပြားသားမှ မရှိတဲ့ ဘာသာ။
အဲ့ဒီသဘာဝလွန်အကြောင်းတွေ ကျွန်းကြီးလေးကျွန်းဘာညာဆိုတာတွေအကြောင်းကို ခင်ဗျားတို့ နားလည်အောင် ခဏ ခဏ ဖြေဖူးပါတယ်။
ခင်ဗျားတို့  သိထားရမှာက ဒီ မြင်းမိုရ်တောင် ဘာညာသာရကာ တွေပာာ ဗုဒ္ဓဘာသာ ရဲ့အနှစ် သာရနဲ့ဘာမှ မဆိုင်ဘူးဆိုတာ ပါဘဲ။ ဗုဒ္ဓဘာသာပာာ သိပ္ပံနည်းကျ အဖြစ်ဆုံးလို့ သိပ္ပံ ပညာရှင် တွေလက်ခံ ထားရတဲ့ဘာသာပါ။ Smile
0 comments:
Post a Comment
Share
Twitter Delicious Facebook Digg Stumbleupon Favorites More