19.3.12

ခရစ်ယာန် တွေပြောတော့ ကုရ်အံ ကျမ်းစာ က သမ္မာ ကျမ်းစာ နဲ့ 70% တူပါသတဲ့

သမ္မာကျမ်းစာထက် နှစ်ပေါင်း ခြောက်ရာခန့် နောက်ကျနေပြီး သမ္မာကျမ်းစာနှင့် 70% ခန့် တူနေသည်ဟု သိရပါသည်။ အဘယ့်ကြောင့်နည်း ပြောဆိုသုံးနှုံးတဲ့ ဘာသာစကားတူရာ အရပ်က ပေါ်ထွန်းလာလို့ နာမည်တစ်ချို့ကို အသံထွက် တူနေတာကလွဲ ပြီး အကြောင်းအရာများ လုံးဝ လုံးဝ မတူညီပါ။

ဥပမာ - သမ္မာကျမ်းက ပရောဖက် လောတ နဲ့ ပတ်သက်ပြီး- သူဟာ သူ့သမီး အရင်းနဲ့ လိင်ဆက်ဆံသူ အဖြစ် ဖေါ်ပြတယ်၊ (ကမ္ဘာဦး ၁၉း၃၀-၃၈) - ဆိတ်တစ်ကောင်ပေးပြီး ဖာ (ပြည့်တန်ဆာ) လိုက်စားတဲ့ ပရော်ဖက်တွေ အများကြီးပဲ ဖေါ်ပြတယ်။

ကုရ်အံကျမ်းက လောတ ကို လု (တ်) လို့ ခေါ်တယ်။- သူဟာ (သမီးအရင်းနဲ့ လိင်ဆက်ဆံဘို့ နေနေသာသာ) မသန့်ရှင်းတဲ့ မေထုံမှုများနဲ့ လုံးဝ ကင်စင်သူ အဖြစ် ဖေါ်ပြတယ်။ အဲ့လို မသန့်ရှင်းတဲ့ မေထုံမှုများနဲ့ ကင်းတဲ့အပြင် အခြားသူများကိုလည်း အဲ့လို မပြုကျင့်ဘို့ ဟောပြောတိုက်တွန်းလို့ မြို့က နှင်ထုတ် ခံရသူ ဖြစ်တယ်-။

အဲ့တော့ တင်ပြတဲ့ အကြောင်းအရာချင်း တူညီပါသလား။

နောက်တစ်ခု အာဒံ- သမ္မာကျမ်းက ကမ္ဘာ့ပထမဆုံး လူသား အဖြစ် ဖေါ်ပြတယ်။ ကမ္ဘာဦးကျမ်း ၁- ၊ ပြီးတော့ အာဒံနံရိုးကို ထုတ်ပြီး ဧ၀ကို ဖန်ဆင်းပေးတယ် ပြောတယ်။ သမ္မာကျမ်းအရ အာဒံက စတွက်ရင် ကမ္ဘာ့သက်တမ်းက နှစ်ပေါင်း ၆၀၀၀ ကျော်ပဲ ရှိသေးတယ်။

ကုရ်အံ ကျမ်းမှာက အာဒံဟာ ကမ္ဘာ့ ပထမဆုံး လူသားမဟုတ်ဘူး။ လူ့သမိုင်း အရှည်ကြီး သူ့ရှေ့မှာ ရှိနေသေးတယ်။ ၇၆း၁။- အာဒံရဲ့ နံရိုးက ဧ၀ကို ဖန်ဆင်းပေးတယ်လို့ မပြောဘူး။ ဧ၀ ဆိုတဲ့ နာမည်တောင် ကုရ်အံကျမ်းမှာ လုံးဝ မပါဝင်ဘူး။ --

ဒီတော့ ဘယ်လိုများ သမ္မာကျမ်းနဲ့ ကုရ်အံကျမ်း တူညီမှု ရှိပါသလဲ။ ကြားဘူးနားဝများကို အခြေခံပြီး မပြောသင့် ဘူးလို့ ထင်ပါတယ်။- သို့မဟုတ် တူညီပါတယ် ဆိုတဲ့ အထောက်အထားလေးများ တိတိကျကျပေးနိုင်မလား-။
သမ္မာကျမ်းကဲ့ရဲ့ အနှစ်ချုပ်က ချစ်ခြင်းမေတ္တာ သာလျှင် ဖြစ်ပါသည်။
ကိုရမ်ကျမ်း၏ အနှစ်ချုပ်က အဘယ်တရားနည်း.။

အတော်လေး ရမ်းပြီး လျှောက်ပြောနေတယ်လို့ ခံစားမိတယ်။

8 comments:

တခြားဘာသာတရားကို ဆန့်ကျင် ဝေဖန်ပြောဖို့ သင်တို့ဘုရားက မိန့်ထားသတဲ့လားရှင်...
လူဆိုတာ ကိုယ်ယုံကြည်တာတွေကိုယုံကြည်နေကြတာပါ..
ရှင်တို့ရဲ့ ဒီလိုပြောဆိုနေမှုကြောင့်ရှင်တို့ရဲ့ ဘုရား ကိုရှင်တို့ဖော်ပြနေကြတာပဲ

Planet ထဲမှာ ဝင်ကြည့်ပါ။ သူများ ဘာသာရဲ့ ဖိုရမ် မှာ ပေါ်တင်စော်ကားနေတဲ့ မင်းတို့ တွေကို ငါတို့ ဘာသာဝင်တွေ ပိုရင်နာတယ်။ ဘုရားကို ဆွဲမထည့်နဲ့ ။ လူချင်းကိစ္စ လူချင်း ရှင်းနေတာ။

တစ်ဦးနဲ့တစ်ဦးနားလည်မှုရှိကြပါ

သတိ ခရစ်တော်အလိမ်ပေါ်မည်.ကိစ္စမစပ်စုရ။ အဟိ

အား​ပေး​နေတယ်

ယေရှုသင့်ကိုချစ်ဆဲပါမိတ်ဆွေ
ယေရှုလူတွေကိုမမုန်းပါဘူး
လူတွေကိုသတ်တဲ့အပြစ်ကိုပဲမုန်း
လူတွေအတွက်သူ့အသက်ပေးကယ်တင်ခဲ့တာပါ

မုဆိုးမတွေဆိုပိုချစ်တယ်ကြားဘူးလို့

မုဆိုးမတွေဆိုပိုချစ်တယ်ကြားဘူးလို့

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More