9.2.12

ယေရူ ဟောသော စကား နှစ်ခွန်း နှင့် ရှေ့ နောက်မညီသော အာပလာ စကား များ

ယေရှုနဲ့ပတ်သတ်ပြီး ကိုထူးရေးထားတာကို ဖော်ပြပေးလိုက်ပါတယ်

" ယေရှုက ငါသည် လမ်းခရီး သမ္မာတရား အသက်ဖြစ်၏။ င့ါကိုအမှီမပြုလျှင် အဘယ်သူမျှ ကောင်းရာဘုံသို့ မရောက်ရဟု ဆို၏"

ဤစာ၏အဓိပ္ပါယ်သည် အများအကျိုးသယ်ပိုးသော၊ ကိုယ်ကျင့်တရားကောင်းမွန်သော ၊ ပေးကမ်းခြင်း၊ပေးဆပ်ခြင်း၊အနစ်နာခံခြင်း၌ပျော်မွေ့သော လူသားဖြစ်ပါစေ ..
ယေရှုအား မကိုးကွယ်မယုံကြည်လျှင် ကောင်းရာဘုံသို့မရောက်ရ ဟု ဆိုထားခြင်းဖြစ်သည်
ဟုတ်ပါသလား ကိုထူး ???????( ဖြေပေးပါ ။)

နောက်ထပ်ရှိပါသေးတယ် ။

" ကျွန်ုပ်တို့သည် အပြစ်ရှိစဉ်ပင် ယေရှုဘုရားသည့် ကျွန်ုပ်တို့အပြစ်အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် လူသားများတို့ကို အဘယ် မျှလောက်ချစ်တော်မူကြောင်းကို ထင်ရှားစွာ ပြတော်မူ၏။ (ရော ၅း၈) "

အပြစ်ရှိသော သူအတွက်တောင် အသေခံနိုင်ပြီး အပြစ်ကိုဆေးကြောပေးတဲ့ဘုရားဖြစ်လျှင် ကောင်းမှုအထူးပြုလုပ်သော လူသားကို မိမိအား မကိုးကွယ်မယုံကြည်သောကြောင့် မကယ်တင်ဘဲနေခြင်းသည် ဖြစ်နိုင်ပါ့ဦးမလား ???
ကောင်းတာလုပ်သောသူဖြစ်သော်လည်း ငါ့အားယုံကြည်ကိုးကွယ်သူမဟုတ်သောကြောင့် မကယ်ဘဲနေမည်ဆိုလျှင်ဖြင့် မည်သို့သောဘုရားဟု သတ်မှတ်ရမည်နည်း ??????? (ဖြေပေးပါ)


ကျွန်တော်တို့ဗုဒ္ဓမြတ်စွာဘုရားသည် ထို့သို့သော အဓိပ္ပါယ်မျိုးဟောကြားထားခြင်းမရှိပါ။

ပေးကမ်းခြင်း၌ပျော်မွေ့ခြင်း (ဒါန) ၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း (သီလ) ၊ မေတ္တာရှေ့ထားခြင်း (ဘာဝနာ) စတဲ့ ကုသိုလ်တရားများဖြင့် ထုံမွှန်းထားသောသူဖြစ်လျှင်
ဗုဒ္ဓဘာသာဝင် မဟုတ်သော်လည်း နတ်ပြည်လောက်တော့ အသာလေးရောက်နိုင်မည်သာဖြစ်သည်။
မည်သည့်ဘာသာဝင်မဆို ချိုသောမျိုးစေ့ကိုစိုက်သောသူသည် ချိုသောအသီးကိုစားရမည်။ ထိုသဘောပင်ဖြစ်သည်။

လမ်းမှန်ကိုလျှောက်ဖို့ရန်သာလိုအပ်ပေသည်။ လမ်းမှန်လျှောက်နေသောသူသည်တမလွန်၌ ဘုရားကယ်မည်မကယ်မည်ကို စိုးရိမ်ကြောင့်ကြဖြစ်နေရန်မလိုပေ။

ကျွန်တော်ကတော့ မြတ်စွာဘုရားလမ်းညွှန်ပေးခဲ့တဲ့ လမ်းမှန်အတိုင်း ဒါန၊သီလ၊ဘာဝနာကို အသက်ထက်ဆုံးပြုလုပ်သွားမည်ဖြစ်သည် ။

သို့မှသာ တမလွန်၌ ကယ်ဆယ်မည့်ဘုရားရှိခဲ့သော်လည်း ဒါန၊သီလ၊ဘာဝနာ စသော ကုသိုလ်တရားများကိုပြုလုပ်ထားသော သူကိုရှေ့ထား၍ ကယ်တင်ပေလိမ့်မည်။

(အဘယ်ကြောင့်ဆိုသော လူသားအချင်းချင်းတွင်ပင် အပေးအကမ်းရက်ရောသော ၊ အနစ်နာခံတတ်သော ၊ စိတ်နှလုံးလှသောသူုကို ပတ်ဝန်းကျင်ရှိ လူသားတိုင်းက ချစ်ခင်လေးစားအားကိုးကြသည့်အပြင် လူမိုက်နှင့်လူကောင်း ပြိုင်၍ဒုက္ခတွေ့နေလျှင် လူကောင်းကိုသာ ဦးဆုံးကယ်တင်ပေးကြလိမ့်မည်။

လူသားအချင်းချင်းမှာတောင် ကောင်းတဲ့လူကိုရှေ့ထားပြီးကယ်ကြသေးတာ .. မေတ္တာတရားနှင့်ပြည့်စုံတော်မူသော အနတ္တတန်ခိုးရှင်ဟုဆိုသော ကယ်တင်မည့် ဘုရားဆိုတာသေချာရင် မကယ်ဘဲနေပါ့မလား ??? မကယ်ဘဲ နေမယ်ဆိုရင်တော့ မေတ္တာတရားနဲ့ပြည့်စုံတယ်ဆိုတာ အာပလာဖြစ်ပြီပေါ့ ။ 

တမလွန်တွင် ကယ်ဆယ်မည့်ဘုရားမရှိခဲ့သော်လည်း မိမိပြုလုပ်ထားသော ဒါန၊သီလ၊ဘာဝနာတို့၏ ကုသိုလ်ကံအကျိုးအားကြောင့် အပါယ်သို့ကျရန်မဖြစ်နိုင်တော့ချေ ။

12 comments:

ဒါဆိုရင် ခများက သေပြီးရင် ဘယ်ထိကိုရောက်နိုင်မလယ်။။

ဒီစကားလုံးတွေကိုဆန့်ကျင်တိုက်ခိုက်မဲ့စကားလုံးတော့ရှိနိုင်လိမ့်မည်မထင်ပါ။အဘယ်ကြောင့်ဆိုသော်မှန်ကန်ပြီးသဘာဝယုတ္တိကျပြီးခိုင်မာနေလို့ပါ။

သတိခရစ်တော်အလိမ်ပေါ်မည်.ကိစ္စမစပ်စုရ

အကိုတို အကိုတို့​ပြောတာမှန်​ပါတယ်​ ဒါ​ပေမဲ့ဘယ်​သူလုပ်​နိုင်​ပါသလဲ

တစ်​ကယ်​မလုပ်​နိုင်​ပဲလုပ်​မယ်​လို့​ပြောရင်​ ဘယ်​သူကအသိဆုံးဖြစ်​မလဲ

လောကမှာအမုန်းဆုံးဟာ ဘာသာရေးနဲ့အငြင်းအခုံလုပ်တာကိုဘဲ
စိတ်ကောင်းနှလုံးကောင်းထားကြပါ။ ကောင်းတာကိုဘဲစဉ်းစားလုပ်ကိုင်ပါ။

လူဟာသေပြီးရင် ဘယ်ကိုသွားမလဲ စဉ်စားကျပါ

http://messengerforbuddhist.blogspot.my/search/label/%E1%80%94%E1%80%AD%E1%80%97%E1%82%87%E1%80%AC%E1%80%94%E1%80%B9%E1%80%B1%E1%80%9B%E1%80%AC%E1%80%80%E1%80%B9%E1%82%8F%E1%80%B0%E1%80%AD%E1%80%84%E1%80%B9%E1%80%95%E1%80%AB%E1%80%99%E1%80%9C%E1%80%AC%E1%80%B8

ကုသိုလ်နဲ့အာကုသိုလ်အကုသိုလ်ကပိုများနေတယ်မိတ့်ဆွေသင်မကောင်းတာနဲ့ကောင်းတာဟာမကောင်းတာကပိုများနေတယ်သင်သေရင်ဘယ်သွားမလဲဆိုတာတိကျသိပြီလားမိတ်ဆွေ။သင်ပြောတာကတမလွန်အတွက်ကယ်ဆယ်မည့်ဘုရားမရှိရင်ဘာလို့ကုလ်တွေအလှူဒနတွေလုပ်အုံးမှာလဲဘုရားမရှိဘူးဆိုရင်ငရဲလည်းရှိမှာမဟုတ်ဘူး။အဆိုးရှိလို့အကောင်းဆိုရှိတာ။အမှောင်ရှိလို့အလင်းရှိတယ်။သင်္ခရဆိုတာရှိရင်ထာဝရဆိုတာလဲရှိပါတယ်မိတ်ဆွေ။သင်ဘုရားမရှိဘူးလို့မပြောပါနဲ့ဘုရားဆိုတာရှိတယ်ဥပမာသင်လေကို
မြင်ရလားလေကိုတော့မမြင်ရပေမဲ့သိတယ်မဟုတ်လားရှိတယ်လို့ခံစားရတယ်မဟုတ်ဘူးလား။ဓါတ်ကိုရောသင်မြင်လားမမြင်ပါ
ဘူးဒါပေမဲ့အစွမ်းရှိတယ်သွားမထိနဲ့သွားမကိုင်နဲ့ဓါတ်လိုက်ပြီးသေ
သွားနိုင်တယ်။မမြင်ရတဲ့အရာတွေကမြင်ရတဲ့အရာတွေထက်အစွမ်းထက်တယ်။သင်အခုမြင်တွေ့ရသမျှအားလုံးဟာသင်္ခါရတရားတွေဘဲ။မမြင်ရတဲ့အရာကိုသွားပြီးမစမ်းနဲ့သင်ကိုတိုင်ကြုံတွေ့ခံစား
ရမှာသိမယ်။အသက်ရှင်တဲ့ဘုရားဆိုတာရှိလားမရှိဘူးလားဆိုတာသင်ဒုက္ခရောက်ရင်ခေါ်ကြည့်လိုက်အဲဒီဘုရားကိုသင်သိသွားလိမ့်မယ်။ကျွန်တော်ပြောတာမယုံပါနဲ့သင်ကိုယ်တိုင်ခေါ်ကြည့်အဲဒီဘုရားကိုသင်ဒုက္ခရောက်ရင်သင်အဖြေရရင်ရှင်းပြီပေါ့။မြည့်စမ်းကြည့်ပါ။
တကယ်ထူးခြားအံ့သြသွားရလိမ့်မယ်မိတ်ဆွေဒါဧကန်အမှန်ပါ။

ဆာလံကျမ်း ၁၄:၁
ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ်၏။ ထိုသို့သောသူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ်ဖွယ်သော အမှုကို ပြုတတ်ကြ၏။ ကောင်းသောအမှုကို ပြုသောသူ တစ်ယောက်မျှမရှိ။

လောကမှာလူမိုက်တွေဟာအများကြီးရှိပါတယ်...သြော်သို့သော်လည်းဘုရားမရှိဘူးလို့သင်ပြောတယ်သင်ဟာလည်းလူမိုက်ထဲမှာပါနေတယ်ဆိုတာမမေ့နဲ့။

လူသားဆိုတာ ဖန်ဆင်းရှင်ရှိတယ်
မိခင်ရှိလို့ မွေးဖွားပေးလို့ လူဖြစ်လာဆိုပြီး
ဖန်ဆင်းရှင် ရှိမှန်းကို သိရှိဖို့ စိတ်မဝင်စားရင်
သင့်သိနေတဲ့အရာတွေက မဟုတ်သေးဘူး

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More