24.2.12

ဗုဒ္ဓ၏ရှင်းလင်းကြည်လင်သောအဘောထား / ပယ်စရာအချက်(၁၀)ချက်


ဗုဒ္ဓဟောကြားခဲ့သော “အယူဝါဒတစ်ခုကိုလက်ခံရန်အတွက်ဦးစွာထုတ်ပယ်ထားအပ်သောအစွဲအလမ်း (၁၀)ချက်”

၁) တဆင့်စကားပြောသံကြားကာမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟုချက်ချင်းအတည်မယူလေနှင့်

၂) ရိုးရာဓလေ့ထုံးစံနှင့်ကိုက်ညီသည် ဆိုကာမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟုချက်ချင်းအတည်မယူလေနှင့်

၃) ရှေးကဒီလိုဖြစ်ခဲ့ဘူးတယ်လို့ကြားကာမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟုချက်ချင်းအတည်မယူလေနှင့်

၎) ကျမ်းဂန်စာပေထဲရှိရုံမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟုချက်ချင်းအတည်မယူလေနှင့်

၅) မိမိကိုယ်တိုင်ကြံစည်တွေးတောထားရုံမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟုချက်ချင်းအတည်မယူလေနှင့်

၆) တခြားမှာဒီနည်းမှန်လျှင်မိမိလည်းဒီနည်းအတိုင်မှန်လိမ့်မည်ဟု နည်းမှီရယူရုံဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟုချက်ချင်းအတည်မယူလေနှင့်

၇) အခြင်းအရာကိုကြံစည်စိတ်ကူးပြီး (သဘောကျရုံဖြင့်)လည်း ဟုတ်ပြီ မှန်ပြီဟုချက်ချင်းအတည်မယူလေနှင့်

၈) မိမိတို့သဘောကျလက်ခံထားသောအယူဝါဒနှင့်ဟောပြောမှုသည်ကိုက်ညီမှုရှိသည်ဆိုပြီးလည်း ဟုတ်ပြီ မှန်ပြီဟုချက်ချင်းအတည်မယူလေနှင့်

၉) မှတ်ထိုက် ယူထိုက် လက်ခံထိုက်သည့်သဘောပဲဆိုပြီလည်း ဟုတ်ပြီ မှန်ပြီဟုချက်ချင်းအတည်မယူလေနှင့်

၁၀) မိမိတို့ယုံကြည်လေးစားထိုက်သည့်ပုဂ္ဂိုလ်ရဲ့ပြောစကားဆိုပြီးလည်း ဟုတ်ပြီ မှန်ပြီဟုချက်ချင်းအတည်မယူလေနှင့်

ဆိုပြီး
ပယ်စရာအချက်(၁၀)ချက်ကိုဟောပြီးတဲ့နောက် “အမှားအမှန်ကိုဆုံးဖြတ်ရာတွင်ပယ်သင့်သောတရား”

၁) မကောင်းသောအကုသိုလ်တရား
၂) အပြစ်ရှိသောတရား
၃) ပညာရှိသူတော်ကောင်းတို့ကဲ့ရဲ့မည့်တရား
၎) လက်တွေ့လုပ်ဆောင်လျှင်လည်း အကျိုးစီးပွါးမရှိ၊ ဆင်းရဲဖို့အကြောင်းရှိတယ်
ဆိုရင် အဲဒီတရားတွေကိုမိမိကိုယ်တိုင်သိတာနဲ့တပြိုင်နက်စွန့်ပယ်လိုက်ပါ



“ဘာတွေကိုပယ်ရမလဲ”

လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ကိလေသာတွေဟာမိမိစိတ်ကိုပူလောင်စေသလား၊ ငြိမ်းအေးစေသလား
ထို့အတူ
သူတပါးကိုပေးချင်တဲ့စိတ်ဆိုတဲ့ အလောဘတရား
တပါးသူရဲ့အကျိုးကိုလိုလားတဲ့စိတ်ဆိုတဲ့ အဒေါသ (မေတ္တာ)တရား
သဘာဝတရားတွေကိုပညာဥာဏ်နှင့်ခွဲခြားဆင်ခြင်ဝေဖန်နိုင်မှုဆိုတဲ့ (အမောဟ) တရား တွေဟာစိတ်ကိုနောက်ကျိစေသလား၊ ကြည်လင်စေသလားကိုယ့်ကိုယ်ကိုယ်ဆန်းစစ်ကြည့်ရင်သိနိုင်ပါတယ်

ဥပမာ လိုချင်တဲ့လောဘဆိုတဲ့တရားတွေ မိမိစိတ်မှာဝင်လာရင် ဆင်းရဲသလား၊ ချမ်းသာသလား
လောဘ ကြောင့် ၅ပါးသီလတွေကျိုးပေါက်သွားနိုင်တယ် ၊ ဒီလိုကျိုးပေါက်သွားရင်တစ်ဖက်သားမှာလည်းနစ်နာ၊ မိမိမှာလည်း လွတ်လပ်သောချမ်းသာမှုအစစ်အမှန်မရနိုင်၊ ဒါကြောင့် လောဘဟာ မကောင်းမှုတွေကိုပြုလုပ်စေတဲ့တရားတွေဆိုတာကိုမိမိကိုယ်တိုင်သိနိုင်တာတွေပါ၊ ကျန်တာတွေလည်းဒီအတိုင်းပါပဲ

“ဘယ်လိုပယ်ရမလဲ”

သူများပြောစကားမှာပဲလမ်းဆုံးမနေပဲ ကိုယ်ပိုင်ဥာဏ်နဲ့လွတ်လပ်စွာတွေးခေါ်ဆန်းစစ်ပြီးမှဆုံးဖြတ်ပြီးပယ်ပါ။
သီလ နဲ့ ထိန်းသိမ်းနိုင်တာတွေကို သီလနဲ့ထိန်း
သမာဓိ နဲ့ ထိန်းသိမ်းနိုင်တာတွေကို သမာဓိနဲ့ထိန်း
ပညာဥာဏ်နဲ့ဆင်ခြင်ရှု့မှတ်ပြီး ထိန်းသိမ်းနိုင်တာတွေကို ပညာနဲ့ထိန်းပြီးပယ်ရမှာပါ

ဗုဒ္ဓရဲ့ ကြည်ညိုစရာကောင်းတဲ့ သဘောထားကို ပြန်တင်ပေးတာပါ

***********************************************************************************

ဒေါသစိတ်ဖြင့် သူတစ်ပါး၏ မကောင်းကွက်ကို ရှာကြည့်လျှင် အကုသိုလ်လည်းဖြစ်သည်၊ စိတ်လည်း ဆင်းရဲသည်၊ စီးပွားလည်းပျက်သည်၊ အပယ်သို့လည်း ကျသည်။
မေတ္တာစိတ်ဖြင့် သူတစ်ပါး၏ ကောင်းကွက်ကို ရှာကြည့်လျှင် ကုသိုလ်လည်းဖြစ်သည်၊ စိတ်လည်းချမ်းသာသည်၊ စီးပွားလည်းတက်သည်၊ နိဗ္ဗာန်သို့လည်း ရောက်သည်။
မကောင်းကွက်ကိုသာကြည့်မည် ဆိုလျှင် ပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိ၊ ကောင်းကွက်ကိုသာကြည့်မည် ဆိုလျှင် မပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိ။

အရှင်ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More