9.2.12
ထာဝရ ဖန်ဆင်းရှင်(ယေရူ) ယုံမှ မဟုတ်တာလုပ်လျှင်လဲ အပြစ်လွတ်မည် (သံသရာ ဆိုတာမရှိ)
ကိုထူး ဆိုတဲ့ ဖန်ဆင်းရှင် ဝါဒ သမား က " နာသောသူသာ ဆေးဆရာကို အလိုရှိ၏တဲ့... မိမိကိုယ်ကို အပြစ်ကင်းသူဆို ယေရှုကို ယုံဖို့မလိုပါဘူး.. ကောင်းရာဘုံက အပြစ်ကင်းသူတို့အတွက်သာ လျှင်ဖြစ်ပါသည်။ " လို့ဆိုထားပါတယ်။
ဒီစကားအရဆိုရင် ----
အပြစ်ကင်းသူလို့ယူဆရင်တော့ ယေရှုကိုယုံဖို့မလိုဘူး ။
အပြစ်ကင်းသူလို့မယူဆနိုင်ရင်တော့ ယေရှုကိုယုံကြည်မှ (ယေရှုကအပြစ်ရှိရင်အပြစ်ကင်းအောင်လုပ်ပေးမယ်) အပြစ်ကင်းမှပဲ ကိုထူးပြောတဲ့ ကောင်းကင်ဘုံဆိုတာကိုရောက်နိုင်တဲ့သဘောပေါ့ .. ဟုတ်ပါလား (ဖြေပါ) ။
မမြင်နိုင်မသိနိုင်တဲ့ တမလွန်ရောက်မှ ယေရှုကအပြစ်ကင်းအောင်လုပ်ပေးမယ် / မလုပ်ပေးဘူး ဆိုတာခဏထားပြီး
လက်ရှိမြင်နိုင်တွေ့နိုင်သေချာတဲ့ ဥပမာတစ်ခုနဲ့ချင့်ချိန်ကြည့်ရအောင် .. ။
ကိုထူးခန္ဓာကိုယ်မှာ မစင်ပေတဲ့အခါ ကိုယ့်ဘာသာကိုယ်ရေနဲ့ ဆေးရသလား ??? ဘုရားသခင်က ဆေးပေးသလား ??? ဖြေပေးပါဦး။
-----------------------------------------------------------------------------------------------------------------
၁။ သေလွန်ပြီး ဘာဖြစ်သလဲ?
၂။ တမလွန် ကို ဘယ်လို လက်ခံထားသလဲ? ၊ တမလွန်မှာ ဘာရှိ ပါသလဲ ?
၃။ လူသည် သေပြီးပြီးချင်း ဘယ်သွားလဲ ? ၊ သို့ မဟုတ် ဘာဖြစ်သလဲ ?
ဆိုတာကိုပါ။
တရားရုံးမှာ ပြစ်ဒဏ်စီရင်ရာမှာ လွတ်လည်းမလွတ် ထောင်လည်းမကျ ပါပဲ အိမ်လည်း မပြန်ရ ထောက်လည်း မကျပါပဲ..
အိမ်နဲ့ထောင်ကြားမှာ ၃၁ နှစ် လည်ပြီး နေစေဆိုတဲ့ ဥပဒေရှိလား.. ငရဲနဲ့ ကောင်းကင်ဘုံ နှစ်လမ်းပဲရှိပါတယ်... မယုံလည်း သင်တစ်နေ့ အမှုရင်ဆိုင်ရရင် ထောင်နဲ့ အိမ် နှစ်လမ်းကိုပဲ ရောက်ရမှာပါ...
ဆိုတာပါဘဲ တဲ့ . . . . ။ ကောင်းကြသေးရဲ့ လားဗျာ ။
ဒါဆိုရင် ခံဝန်ချူပ် တို့ ၊ ခံဝန်ကတိ တို့  ၊ အာမခံတို့ ဆိုတာ ကိုကော ကြားဖူးသလား ။ မြန်မာ နိုင်ငံတင် မဟုတ် ဘူး ၊ တစ်ကမ္ဘာ လူံးမှာ။
ဘာသာရေး
နဲ့ တော့ မဆက်နွယ်ပါဘူး။
သူ့အသက်မသတ်တဲ့သူ ... သူတပါးဥစ္စာကို မခိုးယူတဲ့သူ .. သူတပါးအိမ်ယာမစော်ကားတဲ့သူ .. လိမ်ညာမပြောဆိုတဲ့သူ .. အရက်သေစာမသောက်စားတဲ့သူ...အဲဒီလိုလူမျိုးက ထာဝရဘုရား ကို မယုံတာတစ်ခုတည်းနဲ့ ငရဲထဲချရင်တော့လည်း ချပါစေတော့ပေါ့ဗျာ ...
တစ်ခုတော့သတိပေးလိုက်ပါတယ် ကိုထူး... သံသရာကို မယုံတာက အရေးမကြီးပါဘူး.... သံသရာမရှိပါဘူးဆိုပြီး .... လျှောက်ချင်ရာလမ်းလျှောက်နေခဲ့ရင်တော့ သံသရာအတွက် အာမခံချက်မရှိပါဘူး .... တစ်သက်တာမှာ ကောင်းတာတွေပဲလုပ်ခဲ့တဲ့သူတွေအတွက် ... ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ..... အရေးမကြီးပါဘူး .... သံသရာကသာဆုံးဖြတ်သွားမှာပါ......
သေလွန်ပြီး ငရဲနဲ့ ကောင်းကင်ဘုံ နှစ်လမ်းပဲရှိပါတယ်... မယုံလည်း သင်တစ်နေ့ အမှုရင်ဆိုင်ရရင် ထောင်နဲ့ အိမ် နှစ်လမ်းကိုပဲ ရောက်ရမှာပါ...  တဲ့ ဗျိုး ၊ ဖန်ဆင်းရှင် သမားတွေက ပြောကြ တယ်ဗျ။
ခင်ဗျားတို့ အတွက်တော့ ဟုတ်လိမ့်မယ်...
ငရဲနဲ့ ကောင်းကင်ဘုံ....
ကျွန်တော်တို့အတွက်ကတော့... ငရဲလဲ ရောက်စရာမရှိသလို (ကိုယ့်ကိုယ်ကို လုံတယ်၊ ယုံတယ်လေ)
ကောင်းကင်ဘုံဆိုတာကိုလဲ တပ်မက်ပြီး.. သွားချင်နေတာမဟုတ်ပါ။
ခင်ဗျားယုံကြည်တဲ့ ထာဝရကြီးကိုယ်တိုင်တောင်... မာန်နတ်တစ်ဖက်၊ သားတော်ယေရှုတစ်ဖက်...
လူသားတွေကို.... ငါ့ကိုယုံကြပါ... မယုံရင် ငရဲကိုပို့ပစ်မယ်ဆိုပြီး.. ဗျာများနေရတာ...
အဲဒါ ထာဝရကြီးကိုယ်တိုင်နော်?....hee
ကျွန်တော်ကတော့.. ငရဲလဲမဟုတ်၊ ကောင်းကင်ဘုံလဲ မဟုတ်ပဲ.. ဆင်းရဲဒုက္ခ ချုပ်ငြိမ်းရာ.. နိဗ္ဗာန်ကိုပဲ... ရည်ညွှန်းပါတယ်။
စွတ်မငြင်းနဲ့ဦးနော်... သွားရာလမ်းရှိတယ်....
ခင်ဗျား မျက်စိမှိတ်ပြီး.. တရားရုံးထဲ ဝင်သွားလို့ မမြင်လိုက်တာ။
သိချင်ရင် မျက်စိဖွင့်ပြီး... လိုက်ခဲ့...
hee
0 comments:
Post a Comment
Share
Twitter Delicious Facebook Digg Stumbleupon Favorites More