24.2.12
ထာဝရ ဖန်ဆင်းရှင် ပြောခဲ့တဲ့ သမ္မာတရား
ခရစ်ယာန် သမ္မာကျမ်းစားမှာ  - - - - -
သမ္မာတရားအကြောင်းကို ဒီလို ဖွင့်ဆိုထားပါ သတဲ့ ............
သမ္မာကျမ်းမှာ ၀တ်ပြုကိုးကွယ်ခြင်းဆိုင်ရာ ပညတ်၊ အုပ်ချုပ်စီမံရေးဆိုင်ရာပညတ်နဲ့ ကိုယ့်ကျင့်တရားဆိုင်ရာ ပညတ်ဆိုပြီး ဆောင်ရန်ရှောင်ရန် အချက် ၆၁၃ ချက်ရှိပါတယ်...
မိမိက ဘုရားကို၊ ခင်ပွန်း ဇနီးနဲ့ ဆွေမျိုး မိတ်ဆွေများကို၊ ကျွန်ကို အဘယ်ကဲ့သို့ ဆက်ဆံလေးမြတ်ရမည်ဆိုသည်သာ မက နောက်ဆုံး အိမ်မွေးတိရိစ္ဆာန်အထိ အဘယ်ကဲ့သို့ ပြုမူ ဆက်ဆံရမည်ကို ပညတ်ထားပါသည်။ (ဥပမာ နွားနှင့်စပါးနယ်လျှင် နွားပါးစပ်ကို ပိတ်မထားရ၊ မိမိနွားသည် ခွေ့ တတ်မှန်းသိလျက် ချည်နှောင်မထားပဲ သူတစ်ပါးကို ခွေ့မိလို့သေသွားလျှင် သခင်ကော နွားပါ သေပြစ်ခံရမည်...) ဒီလောက်ပြောလည်းနားလည်မှာ မဟုတ်လို့ သင်တို့ကျမ်းမှာ အဲဒီလောက် ထိ စုံလင်ပါရဲ့လား... ထို ပညတ်ချက်များအတိုင်း အုပ်ချုပ်ပုံရေးဆွဲခဲ့တဲ့တိုင်းပြည်ဟာ ယနေ့ ကမ္ဘာ့ထိပ်ဆုံးက ဦးဆောင်နေတဲ့ တိုင်းပြည်ပဲ ဖြစ်ပါတယ်...
ထိုပညတ်တို့ကို ကျင့်နိုင်ပြီး တစ်ပတ်နှစ်ရက် အစာရှောင်ဥပုဒ်စောင့်နိုင်သောသူကို ဖာရိရှဲ လို့ခေါ်ပါတယ်....
ယေရှုက သင့်တို့အကျင့်သည့် ဖာရိရှဲနှင့် ကျမ်းပြုဆရာတို့ ကျင့်သောအကျင့်ထက် မလွန်မသာလျှင် ကောင်းကင် နိုင်ငံတော်သို့ မ၀င်ရဟု ငါအမှန်အကန် ဆို၏ဟု ပြတ်ပြတ်သားသား ပညတ်ခဲ့ပါတယ်.. (ရှင်မသဲခရစ်ဝင်ကျမ်း အခန်းကြီး ၅း အခန်းငယ်း၂၀ ) မှာ ဆိုထားပါတယ်...
သဘာဝပတ်ဝန်းကျင်မှာတွေ့ကြုံမြင်သိနေကြရတဲ့ အကြောင်းအကျိုးဆက် ကိစ္စအချို့ဟာ ဘယ်သူက ပညတ်သတ်မှတ်တယ်ရယ်လို့ တိကျစွာဖေါ်ထုတ်နိုင်ခြင်းမရှိသေးပါဘူး။ တစ်ခုရှိတာက ပညတ်သူရယ်လို့သာ ရှာမရတယ် သူ့သဘောသူဆောင်ပြီး ဖြစ်စရာရှိဖြစ်ကာ ပျက်စရာရှိပျက်နေကြတာကိုတော့ အထင်အရှား တွေ့နေကြရပါတယ်။
ဥပမာ မီးလောင်နိုင်တဲ့ပစ္စည်းကို မီးရှို့ကြည့်လျှင် လောင်ကျွမ်းသွားတာပါပဲ။ ရေစိုစုတ်ပြဲ ပျက်စီးနိုင်တာကို မိုးစိုစိုထဲမှာ ပစ်ထားလျှင်လည်း အဖတ်ဆယ်ရခက်ပြီပေါ့။ သစ်စေ့မျိုးစေ့တွေဟာ အစိုဓါတ် ပူနွေးတဲ့နေရောင် စတဲ့လိုအပ်ချက်တွေကိုက်ညီလာလျှင် ရှင်သန်အညှောင့်ပေါက်လာတြယ် သစ်သီး ဝလံတွေ ၊ သစ်ဥတွေ စတာတွေကို မီးတိုက်ကာလှော်တယ်၊ ချက်တယ် ပြုတ်တယ်ဆိုပြန်တော့ စားဖွယ် အစားအစာတွေဖြစ်လာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အရာအားလူံးဟာ နေရာဒေသ ပါတ်ဝန်းကျင် နဲ့ ကိုညီအောင် စံမံ ပြုလုပ်ကြတာပါ။ ဒီအချက်ဟာ အရမ်းကို ရိုးစင်းပါတယ်။ ဒါကို ဘယ်သူတွေ စီမံ ပြုလုပ်တယ် ၊ ဘယ်သူတွေ တွေးခေါ် ကြသလဲ ဆိုတဲ့ အချက်ကတော့ ရှင်းရှင်းလေးပါ လူသား တွေပါဘဲ။
ဒီလိုဖြစ်သင့်တယ် ဖြစ်ရမယ်၊ ဖြစ်အောင်လိုက်နာလုပ်ဆောင်ကြရမယ်၊ မဟုတ်ခဲ့သော် ဘယ်လို စီရင်တာခံရမယ်ဆိုတာမျိုးတွေဟာ လူသားတွေပဲ စဉ်းစားတွေးခေါ်ပြီး အချင်းချင်းအပေါ် ပညတ်ကျတာ မဟုတ်ဘူးလား ဖန်ဆင်းရှင် ဝါဒ သမားတို့ ။ ဖန်ဆင်းရှင်က ပညတ် ( သတ်မှတ် ) ခဲ့တယ် ဆိုတဲ့ အချက်ကကော - - - ဒီလို ရှင်းလင်းချက် တွေနဲ့ နိုင်းယှဉ် လျှင် ၊ နိုင်းစာ လျှင် ဖြစ်နိုင်ပါဦး မလား။
လိုက်နာသူရှိသလို မလိုက်နာသူလည်းရှိနေတော့ အများအကျိုး ကြိုတင်မျော်မြင်နိုင်သူ တစ်ဦး/တစ်ဖွဲ့က အများသဘောတူ အသိအမှတ်ပြုမယ့် အခွင့်အာဏာ ဦးဆောင်နိုင်စွမ်းတစ်ခုခုကို ရယူပြီး လိုက်ကို လိုက်နာရမယ်လို့ ပြဌာန်းပညတ်မှုတွေ ပေါ်ပေါက်လာတာလို့ပဲ စာရေးသူ တွေးမိပါတယ်။ စာဖက်သူတို့ ကော ဘယ်လိုထင်ပါသလဲ။ ဒီမေးခွန်းအပေါ် စဉ်းစား ပြီးလို့  အဖြေထွတ်ပေါ်လာတဲ့ အခါ စာရေးသူ ပြောကြားခဲ့တဲ့ အချက်တွေကို လက်ခံမလား ၊ ငြင်းဆို မလား။ ဘုရားဟောခဲ့တဲ့ ကျမ်းစာ ဆိုတဲ့ အချက် တစ်ချက် နဲ့ တင် တစ်ကယ့် လက်တွေ့ အပြင်လောက က အဖြစ်အပျက် အချက်အလက်တွေကို လျစ်လျှူ ရူပစ်မယ် ဆိုတာကတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ တစ်ကယ် ရှိတဲ့ ကမ္ဘာလောက အတွက် ၊ အပြင်လောက အတွက် ဖြစ်နိုင်မယ် ၊ မဖြစ်နိုင်ဘူး ဆိုတာ တော့ စဉ်းစား သင့်ပါတယ်။
ခွေ့တတ်မှန်းသိတဲ့နွားကို ချည်နှောင်ထားဖို့ကအစ ရေးသားပြဌာန်း ပါရှိတယ်ဆိုတဲ့ အချက်တွေဟာ ဘယ်မှာ ဘုရားသခင်အားဖြင့် သူ့လူတွေသုံးပြီးရေးသားထားတယ်လို့ ဆိုနိုင်မှာလည်း။ လူသာမာန်အချို့က သူ့နေရာဒေသနှင့်သူ ကိုက်ညီ ဆီလျှော်အောင် ညှိနှိုင်းပြဌာန်းဖို့ လိုနေတာလေး တွေ အထဲက သူ စဉ်းစား မိသလောက် ကောက်ရေးကာ ပြဌာန်းလိုက်တာတွေပဲဖြစ်မှာပါ။ ရိုးရိုးသာမန် လူသားတွေ ပြဌာန်းထားတယ် ဆိုတဲ့ အချက်ကိုကော ငြင်းနိုင်မှာ တဲ့လား။
သူအသေးစိတ်ချင်တဲ့ နေရာမှာ စိတ်နေပြီး ၊ မပါသေးတဲ့ အချက်တွေ  ၊ အရေးကြီးတယ်လို့ ဆိုနိုင်တာတွေ ၊ စတဲ့ အချက်အလက် အစုံအလင်မပါဝင်နိုင်တာလဲ အမှန်ပဲ မဟုတ်လား။ လူသားတွေ စဉ်းစား ပညတ် သမျှကတော့ အဆင်ပြေ ပြည့်စုံခြင်းမရှိသေးလို့ မကြာခဏ ဖြည့်စွက်ပြင်ဆင်နေရတာဘဲ မဟုတ်ဘူးလား ဖန်ဆင်းရှင် ဝါဒ သမားတို့ ။ အမြဲ ပြင်နေရတယ် လို့ စာရေးသူ ပြောရင်ကော ငြင်းနိုင်မှာလား။
ရေးသားပြောဆို နေစရာမလိုပဲ ဖြစ်တတ် ပျက်တတ်တဲ့ သဘော တွေကသာ အကြောင်းအကျိုး အမြဲလိုက်နာ တည်ရှိ နေတတ်တာပါ။ သမ္မာတရား ဆိုတာ မရှိပါဘူး။ လူံးဝ မရှိဘူး။ သမ္မာတရားလို့ ခေါင်းစဉ် တပ်ထားတာ တွေအားလူံးက သဘာဝ တရားတွေဘဲ။ သဘာဝဘဲ ။ သမ္မာကျမ်းစာ ၊ ကိုရမ် ကျမ်းစာ ဆိုတာ အလိမ်အညာတွေ။
အဲဒီသဘာဝ တွေက လောကထဲကို ဘယ်တုန်းက စတင်ဝင်ရောက်လာတာလဲတော့ ပြန်မမေးနဲ့နော် ၊ စာရေးသူ  မသိဘူး ဆိုတာကြိုပြောထားမယ်။ သိလျှင်လည်း စာရေးသူ အနာဂတ်အတွက် အကျိုး မရှိ ဘူး ။
ကမ္ဘာကြီး ဘယ်က စဖြစ်တယ် ၊ ဘယ်သူဘာလုပ်တယ် ဆိုတာ စာရေးသူ အတွက် ၊ လူအားလူံး အနာဂတ် အတွက် အကျိုးမရှိတာ အမှန်ဘဲ။  သိလဲ ပုံပြင်ဘဲ။ ဘယ်သူမှ သက်သေ မပြနိုင်တာ။
အမှန်အတိုင်း ဝန်ခံရလျှင်
ဘုရားသခင်ဟာ ဘယ်က ဖြစ်တယ် ၊ ဘယ်လို ဖြစ်လာတယ် ၊ ရုပ်ချောလား ၊ အသံသာ လား ၊ ယဉ်ကျေးလား ၊ ဘယ်ရွာ ဘယ်ဇာတိ ဆိုတဲ့ အချက်တွေဟာ စာရေးသူအတွက် အဓိက မကျပါဘူး။ အဲ့ဒါ စာရေးသူ ကိုယ်တိုင် ပြောတဲ့ စကား ။ စာရေးသူ ခံယူချက် ။ ယုံကြည်ချက်။
စာရေးသူ မမြဲ ယုံကြည် ၊ လက်ခံထားတာ က ဘယ်ဘာသာ ဘယ်ဘုရား ပြောတာ ဟုတ်နိုင်တယ် ၊ မှန်နိုင်တယ် ၊ လက်ခံသင့်တယ် ၊ အများအတွက် ကောင်းမလား ၊ ကိုယ့်အတွက် ကောင်းမလား ဆိုတာကိုဘဲ။ ဘယ်ဘုရား ပြောစကား မှ ဖက်ရူမှတ်သား လိုက်ယုံနဲ့ လက်မခံဘူး ။ စောဒက တက်တယ်။ မေးခွန်းတွေ မေးတယ်။ လက်ခံသင့်တယ် ။ အဖြေတွေ က အကျိုးအကြောင်းဆီလျော်တယ် ။ မှန်ကန် နိုင်တယ် ဆိုမှ - - -  လက်ခံလိုက်တာ ချည်းဘဲ။
သမ္မာကျမ်းစာ ၊ ကိုရမ်လ် ကျမ်းစာ ကို ဖတ်ပြီးတွေးလေလေ
သမ္မာတရားဆိုတဲ့ ဟောဖောချက်တွေကို တွေးလေလေ မဟုတ်နိုင် ၊ မဖြစ်နိုင်ဘူး ဆိုတာ လက်ခံလာမိလေ ၊ သိလေလေ ဖြစ်တော့ တာပါဘဲ။
စာရေးသူ အဓိက ပြောချင်တာ
ဖန်ဆင်းရှင် လူံးဝ မရှိ
ဖန်ဆင်းရှင် လူံးဝ မရှိ
0 comments:
Post a Comment
Share
Twitter Delicious Facebook Digg Stumbleupon Favorites More