11.6.12

ဇွန်လ ၁၁-ရက် ၊ ၂၀၁၂ ခုနှစ် (Monday, June 11, 2012) နောက်ဆူံးရ ရခိုင်ပြည်နယ် သတင်းများ


ဇွန် ၁၁ ရက်၊ ၂၀၁၂ ခုနှစ်၊ အရပ်သားတဦး သေနတ်ထိမှန်သေဆုံး
ဓည၀တီ (၈) ရပ်ကွက်တွင် လုံထိန်းနှင့် လက်နက်ကိုင် ဘင်္ဂါလီများအကြား အပြန်အလှန်ပစ်ခတ်မှုများ ယခု သတင်းရေးသားချိန် မွန်းလွဲပိုင်းတွင် ဖြစ်ပွားလျှက်ရှိသည်ဟု စစ်တွေမြို့ခံက ပြောသည်။

အပြန်အလှန်ပစ်ခတ်မှုများ အတွင်း ယင်း(၈) ရပ်ကွက် မူဆလင်သင်္ချိုင်းအနီး အသက် (၂၂) နှစ်ရွယ် ရခိုင်အရပ်သား တဦးသေနတ်မှန်ကာ ယင်းဒဏ်ရာဖြင့် သေဆုံးသွားသည်ဟုလည်း ၎င်းမြို့ခံက ပြောသည်။



ဘုန်းကြီးကျောင်း မီးရှို့ခံရ

စ⁠စ်တွေမြို့၊ နာဇီကျေးရွာအနီးရှိ ဗုဒဘာသာ ဘုန်းတော်ကြီးကျောင်းသုံးခုကို ဘင်္ဂါလီလူမျိုးများက ယနေ့နံနက် ၁၁ နာရီခန့်က မီးရှို့ခဲ့ပြီး ယခုအခါ မီးငြိမ်းသွားပြီဖြစ်သော်လည်း မီးခိုးများ ထွက်ပေါ်နေဆဲ ဖြစ်ကြောင်းစ⁠စ်တွေမြို့ ရှိ သတင်းထောက်က ပေးပို့သည်။ စစ်တွေမြို့ ရှိ စန္ဒလောက၊ ဇေယျမင်္ဂလာနှင့် ရတနာ့ဗိမာန် ဘုန်းတော်ကြီးကျောင်းတို့ ယနေ့ မီးရှို့ခံထားရကြောင်း သိရသည်။

စစ်တွေမြို့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်အလုံအလောက်မရှိပဲ အချိန်မရွေး နေအိမ်များ မီးတင်ရှို့ခံရနိုင်ကာ အသက်အန္တရာယ်လည်း ရှိနေသည့်အခြေအနေဖြစ်သည်ဟု စစ်တွေမြို့ခံများက ပြောကြားသည်။
စစ်တွေမြို့ပေါ်တွင် လုံခြုံရေးအခြေအနေ နည်းပါးနေသောကြောင့် ဒေသခံ အမျိုးသားများနှင့် အမျိုးသမီးများမှာ စိုးရိမ်ကြောင့်ကြနေကြပြီး ဒုတ်၊ ဓားများ ကိုင်ဆောင်ကာ လမ်းမပေါ်သို့ စုဝေးရောက်ရှိနေကြကြောင်း ဒေသခံများက ပြောကြားသည်။

“ လုံခြုံရေးအင်အားမလုံလောက်တော့ ဒီဘက်က လိုက်ပြီးထိန်းရင် ဟိုဘက်က ဘင်္ဂါလီတွေ ထွက်လာတယ်။ ဟိုဘက်က လိုက်ရင် ဒီဘက်က ပြန်ထွက်လာတယ်။ အဲ့လိုဖြစ်နေတော့ ရခိုင်တွေလည်း ဒုတ်၊ ဓားဆွဲပြီး လမ်းပေါ်ထွက်လာကြတယ်”ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဝင် တစ်ဦးက ဆိုသည်။ စစ်တွေမြို့ပေါ်တွင် ဆူပူအကြမ်းဖက်မှုများကြောင့် တပ်မှ ကားတစ်စီး ရောက်ရှိ လာသည်ကို တွေ့ရ ကြောင်း ၄င်းက ပြောကြားသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့အနီး မကျည်းမြိုင် ရပ်ကွက် (၅) တွင်းက လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက မီးလောင်မှု ဖြစ်ပွားခဲ့ရာ ယင်းနေရာ သို့ မီးသတ်ကားများ သွားရောက် ငြိမ်းသတ်စဉ် ဘင်္ဂါလီများက ခဲဖြင့် ပစ်ပေါက်သဖြင့် မီးမငြိမ်းသတ်နိုင်ဘဲ တပ်မတော်၏ အကူအညီဖြင့် မီးငြိမ်းသတ်နေရကြောင်း ဒေသခံများက ပြောကြားသည်။
နာဇီရွာတွင် ဘဂါင်္လီအိမ်ခြေ ၂၇၀၀ ကျော်ရှိပြီး ရခိုင်တိုင်းရင်းသား နေအိမ် ၂၈၀ ရှိကြောင်း သိရသည်။ ရခိုင်တိုင်းရင်းသားများ ယမန့်နေ့ကတည်းက အဆိုပါ ရွာမှ နေအိမ်များကို စွန့်ခွာခဲ့ပါသည်။ ထိုသို့ စွန့်ခွာခဲ့ခြင်းကြောင့် ရွာတွင်ရှိနေသော ရခိုင်တိုင်းရင်းသားများ၏ နေအိမ်ကို ဘင်္ဂါလီများက ယမန့်နေ့က မီးရှို့ခဲ့ပါသည်။ ယနေ့နံနက်ပိုင်းတွင်မူ ဇေယျမင်္ဂလာ၊ စေတီပြင်၊ စန္ဒလောကနှင့် ဂြစ်ချောင်း ဘုန်းတော်ကြီးများကို ဆက်လက်မီးရှို့ခဲ့ကြပါသည်။

ဓည၀တီရပ်ကွက်တွင် မီးရှို့ရန် ကြိုးစားခဲ့သူ ဘင်္ဂါလီလူမျိုး ငါးဦးခန့်ကို ဓာတ်ဆီပုံးများနှင့်အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


လက်ပစ်ဗုံးနှင့် လက်နက်များရှာဖွေတွေ့ရှိ


ယနေ့နံနက် စစ်တွေမြို့မှ နောက်ဆုံးရ သတင်းများအရ မောလိပ်ရပ်ကွက်ရှိ ဒိုင်နမိုပြင်သူ ဦးညိုမှိုင်း ထံမှ လက်ပစ်ဗုံး အလုံး ၁၀၀ ၀န်းကျင် သိမ်းဆည်းရမိထားတယ်လို့ ရဲစခန်းအသိုင်းအ၀ိုင်းနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်များက ဆိုပါတယ်။ ဦးညိုမှိုင်းဟာ အာရ်အက်စ်အိုလို့ခေါ်တဲ့ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့နဲ့ ဆက်စပ်မှုရှိ မရှိကို စစ်ဆေးနေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
 

အခြားသတင်းတရပ်မှာလည်း မောင်တောမှရန်ကုန်သို့ ပြန်လာတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း ၀န်ထမ်း ဒေါ်မြနန္ဒာအောင်ဆိုသူကို မောင်တောမှာ ဖြစ်ပျက်တဲ့အဖြစ်အပျက်တွေနဲ့ ဆက်စပ်မှု ရှိတယ်လို့ သံသယရှိတာကြောင့် ရန်ကုန်သို့သွားမယ့် လေယာဉ်ပေါ်မတက်ရောက်မီ စစ်တွေလေဆိပ်မှာ ရဲတပ်ဖွဲ့က ထိန်းသိမ်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
 

စစ်တွေမြို့မှာပဲ ဗလီအဆောက်အဦတခုရဲ့ အတွင်းမှာ လက်နက်သေတ္တာ (၂) လုံးတွေ့ရှိရတယ်ဆိုတဲ့ သတင်းလည်း ရဲသတင်းရပ်ကွက်ကပဲ ရရှိပါတယ်။ ဒီသတင်းတွေနဲ့ ပတ်သက်လို့ စစ်တွေရဲစခန်းကို ဆက်သွယ်မေးမြန်း ဖို့ကြိုးစားပေမယ့် ဆက်သွယ်လို့မရသေးကြောင်းသိရှိရသည်။


မောင်တောမြို့ ရွာသစ်ရှိ စသဇင်တည်းခိုခန်မီးရှို့ ဖျက်စီးခံရခြင်း ( ဗီဒီယို )
စစ်တွေမြို့ ဗျိုင်းဖြူရွာတွင် လူသုံးဦး သေဆုံး
ဆူပူအကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေသော စစ်တွေမြို့ မြောက်ဘက်ရှိ ဗျိုင်းဖြူရွာတွင် ယနေ့ နံနက်ပိုင်းတွင် ဘင်္ဂါလီများက နေအိမ်များအား မီးရှို့ကာ ဒေသခံများကို သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ရခိုင်တိုင်းရင်းသားသုံးဦးသေဆုံးပြီး ဆယ်ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် စုံစမ်းသိရှိရသည်။

အဆိုပါကျေးရွာသို့ ယခုအချိန်ထိ လုံခြုံရေးတပ်ဖွဲ့ဝင်များ မရောက်ရှိသေးကြောင်း ၄င်းတို့က ဆိုသည်။
“ဘင်္ဂါလီတွေက သေနတ်ပစ်ပြီးတော့ ရွာကို မီးရှို့ဖို့ ၀င်လာတဲ့အခါ ရခိုင်တွေက ဓားနဲ့ ပြန်ခုတ်တယ်။ အဲ့ဒီမှာ ဘဂါင်္လီဘက်က လူအင်အားအတော်များတော့ ဒဏ်ရာရတဲ့သူတွေမှာ ရခိုင်တွေ ပိုများတယ်”
ဟု ဗျိုင်းဖြူရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောကြားသည်။
စစ်တွေမြို့ မြောက်ဘက် ဗျိုင်းဖြူရွာနှင့် သံတော်လီရွာ အကြားတွင် ရခိုင်တိုင်းရင်းများနှင့် ဘင်္ဂါလီတို့အကြား တင်းမာမှု ဖြစ်ပွားနေပြီး ထိုနေရာသို့ စစ်တပ်နှင့် လုံထိန်းတပ်ဖွဲ့ဝင်များ သွားရောက်နေပြီ ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ ရွာနှစ်ရွာအကြားတွင် မွန်းလွဲပိုင်းအချိန်က ထိပ်တိုက်တွေ့မှုဖြစ်ခဲ့ပြီး ရခိုင်တိုင်းရင်းသားသုံးဦးမှာ ဘင်္ဂါတို့၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါသည်။ သေဆုံးခဲ့သူ သုံးဦး အနက် နှစ်ဦး၏ အလောင်းကို ဘင်္ဂါလီများက သံတော်လီရွာအတွင်း ဆွဲယူသွားသဖြင့် ရခိုင် တိုင်းရင်းသားများက အလောင်း ပြန်ရရေးအတွက် သံတော်လီရွာအတွင်း ၀င်ရောက်ရန် ကြိုးစားရာမှ တင်းမာမှု ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း ထိုနေရာသို့ ရောက်ရှိနေသည့် Eleven Media Group မှ သတင်းထောက်က ပြောပါသည်။

သံတော်လီရွာသည် ဘင်္ဂလီများနေထိုင်သည့် ရွာတစ်ရွာဖြစ်ပါသည်။ တင်းမာမှု စတင် ဖြစ်ပွားနေချိန်၌ ထိုနေရာတွင် ရှိနေသော လုံခြုံရေးအင်အားမှာ နည်းပါးပြီး မလုံလောက်တော့သည့်အတွက် စစ်တပ်နှင့် လုံထိန်းများ ထပ်မံသွားရောက်နေခြင်း ဖြစ်သည်။


အရေးပေါ်အခြေအနေ ထုတ်ပြန်ထားသည့် ရခိုင်ပြည်နယ် အတွင်းရှိ ကုလသမဂ္ဂဝန်ထမ်းများကို ပြန်လည်ခေါ်ယူနေပြီဖြစ်ကြောင်း CNN က ပြောကြားသည်။


ရခိုင်ပြည်နယ် ဆူပူအကြမ်းဖက်မှုကြောင့် ဒုက္ခသည် တစ်သောင်းကျော်ရှိဟုဆို

လူမျိုးရေးအသွင်ဆောင်သော ဆူပူအကြမ်းဖက်ပဋိပက္ခမှု များ ဖြစ်ပွားလျက်ရှိသော ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု၊ နေအိမ်များ မီးရှို့ခံရမှုတို့ကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာကြသော ဒုက္ခသည် တစ်သောင်းကျော်(၁၂၀၇၄ဦး)အထိ ရောက်ရှိလာပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား များ တိုးတက်ရေး ပါတီ ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ၂ နာရီအထိ စာရင်းအရ မောင်တောမြို့နယ်တွင် ဒုက္ခသည် ၃၈၇၄ဦး၊ ဘူးသီးသောင်းမြို့နယ်တွင် ဒုက္ခသည် ၁၃၀၀ဦး၊ စစ်တွေမြို့တွင် ဒုက္ခသည် ၄၉၀၀ဦးနှင့် ရသေ့တောင်တွင် ဒုက္ခသည် ၂၀၀၀ဦး စုစုပေါင်း ၁၂၀၇၄ ဦးရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ရခိုင်နှင့် မြန်မာတိုင်းရင်းသားများက ရန်ကုန် မြို့တော်ခန်းမရှေ့၌ ယနေ့ နံနက် ၁၀ နာရီခန့်က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည်။

“လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေဟာ အစ္စလမ် ဘာသာဝင်တွေနဲ့ တိုက်ခိုက် ဆန့်ကျင်နေတဲ့ ဘာသာရေး အဓိကရုဏ်း မဟုတ်ပါဘူး၊ အလွန်မင်းမဲ့စရိုက်ဆန်တဲ့ အကြမ်းဖက် နေမှုသာ ဖြစ်ပါတယ်။ မထင်မှတ်ဘဲ တစတစ ကြီးထွား လာတဲ့ ရခိုင်ပြည်နယ် အရေးကိစ္စဟာ လူမျိုးရေး အဓိကရုဏ်း အသွင်မဟုတ်ဘဲ အမျိုးသားရေး ထိပါး စော်ကားမှု ဖြစ်လာတဲ့ အတွက် ဒီကိစ္စကို နိုင်ငံတော်က အမြန်ဆုံး ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ပေးစေလိုပါတယ်” ဟု ဆန္ဒ ထုတ်ဖော်သူများက ဆိုသည်။

ဆက်လက်၍ ၎င်းတို့က နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထု တသားတည်းရှိမှု၊ ပြည်သူလူထု၏ ယုံကြည်အားထားမှုကို နိုင်ငံတော်အစိုးရ အနေနှင့် အရယူစေချင်ကြောင်း၊ အမျိုးသားရေးတာဝန် တရပ်အနေဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေး၊ မြန်မာနိုင်ငံတွင် အမှန်တကယ် မွေးဖွားခဲ့သူများ အားလုံး၏ ပြည်သူ့အသက် စည်းစိမ် အိုးအိမ်များ ကာကွယ် စောင့်ရှောက်ရေး၊ အကြမ်းဖက်မှု အဆွယ်အပွားများ ပပျောက်စေရေးတို့အတွက် အမြန်ဆုံး စီစဉ်သင့်ကြောင်း နိုင်ငံတော်အစိုးရထံ တောင်းဆိုလိုက်ကြောင်း ပြောကြားသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More