11.6.12

ရခိုင် သမိုင်း ပညာရှင် ဒေါက်တာ အေးချမ်း ၏ BBC နှင့် ဗြိတိသျှ ရိုဟင်ဂျာ အစည်းအရူံး ဥက္ကဌ ဦးထွန်းခင် ထံသို့ အိတ်ဖွင့်ပေးစာ

 ချစ်စွာသော ဘီဘီစီ

စက်တင်ဘာလ ၁ ရက်နေ့ မနက်က ဘီဘီစီ မြန်မာပိုင်းအစီစဉ်မှာ ဗြိတိန်ရိုဟင်ဂျာ အစည်းအရုံးရဲ့ ဥက္ကဌ ဖြစ်သူ ဦးထွန်းခင်နဲ့ အင်တာဗျူးကို ကျွန်တော် နားထောင်လိုက်ရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရှုဒေါင့်နှစ်မျိုး ရှိပါတယ်။ ရခိုင်ပြည်နယ်ရဲ့ မြောက်ပိုင်းမှာ မူစလင်တွေဟာ မြန်မာစစ်အုပ်စုရဲ့ အလွန်အမင်း ဖိနှိပ်ခံနေရတာကို ကျွန်တော့်အနေနဲ့ မငြင်းလိုပါဘူး။ သို့ပေမဲ့လည်း သူတို့ဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အုပ်စုရဲ့ ဖိနှိပ်ခံနေရတဲ့ တခုတည်းသော လူမျိုးစုတော့ မဟုတ်ပါဘူး။ ကမ္ဘာ့ထင်ရှား ကျော်ကြားတဲ့ မီဒီယာတွေဟာ ဘာဖြစ်လို့ တခြား လူမျိုးစုတွေထက် ရိုဟင်ဂျာတွေအတွက် ပိုပြီးစိုးရိမ်ပူပင်နေရတာလဲဆိုတာကိုတော့ ကျွန်တော်တို့အနေနဲ့ နားလည်လို့ မရဖြစ်နေမိပါတယ်။



ရိုဟင်ဂျာကို ဌာနေတိုင်းရင်းသားတခုအဖြစ် အသိအမှတ်ပြုဖို့ ဆိုရင် အကြေင်းအရာတွေက အမျိုးမျိုး ရှိပါတယ်။ ဒီလူတွေ (ရိုဟင်ဂျာ) တွေဟာ ဗြိတိသျှအုပ်စိုးတဲ့ခေတ်မှာ ဘင်္ဂလားကနေပြီးတော့ လယ်ယာစိုက်ပျိုးရေး လုပ်သားတွေအဖြစ် မြန်မာပြည်ကို ရောက်လာကြတဲ့သူတွေ ဖြစ်တယ်။ ဒါကို ကျွန်တော် သမိုင်းအထောက်အထားနဲ့ သက်သေပြုနိုင်ပါတယ်။ ကျွန်တော်ရေးတဲ့ ""SOAS Bulletin of Burma Research 3-2." ထဲမှာ ဖတ်နိုင်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘယ်ပညာရှင်နဲ့မဆို ပြိုင်ပြီး ဒီဘိတ်လုပ် ပြောဆိုငြင်းခုန်ဖို့ ကျွန်တော် အဆင်အသင့်ရှိပါတယ်။ သူတို့ (ဘင်္ဂါလီ) ဟာ ဗြိတိသျှကိုလိုနီ လက်ထက်မှာမှ ရခိုင်ပြည်နယ်မှာ လာရောက်နေထိုင်သူတွေ ဖြစ်ပါတယ်။

ရခိုင်တွေက သူတို့ကို ကောင်းစွာကြိုဆိုခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် အပြီး လွတ်လပ်ရေး မကြေညာခင်ကာလမှာတော့ သူတို့ဟာ ရခိုင်ပြည်နယ်မှာ လူဦးရေပိုမိုများပြားလာပြီးတော့ သူတို့အများစု ခြေချနေထိုင်လျက်ရှိတဲ့ နယ်မြေကို အရင်ကအခေါ် အရှေ့ပါကစ္စတန် အခုဘင်္ဂလားဒေ့ရှ်နိုင်ငံ ပိုက်နက်ထဲမှာ ပါဝင်ဖို့ တောင်းဆိုခဲ့ပါတယ်။ ပါကစ္စတန် ခေါင်းဆောင်တွေက သူတို့ရဲ့ တောင်းဆိုမှုကို အားမပေးတော့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ Jihad ကို ကြေညာခဲ့ပါတယ်။ အဲဒီ Jihad စစ်ပွဲမှာ သူတို့ရှုံးနှိပ်တော့ သူတို့နယ်မြေကို ရိုဟင်ဂျာပြည်နယ်လို့ ခေါ်တွင်စေဖို့အတွက် ရိုဟင်ဂျာဆိုတဲ့ အမည်နာမ တခုကို ဖန်တီးပြီး ကင်ပွန်းတပ်လိုက်ပါတယ်။ မြန်မာ့သမိုင်းမှာတော့ ဒီလိုနာမည်နဲ့ လူမျိုးစုတစု ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။



ကွန်ကရက်အမတ် Smith ပြောတဲ့ ပါကစ်စတန်၊ အာရပ်နဲ့ အိန္ဒိယ လူမျိုးတွေရဲ့ မျိုးဆက်တွေ ဗြိတိန်မှာ အခြေချနေထိုင်လာပြီးတဲ့အခါမှာ ဗြိတိန်လူမျိုးတွေပဲ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီပြောင်းရွှေ့နေထိုင်လာသူတွေဟာ သူတို့ရဲ့ အမျိုးသားရေးပိုင်နက် တောင်းဆိုနေတာ မရှိဘူး ဆိုတဲ့ အချက်ကို ကျွန်တော်လုံးဝ လက်ခံပါတယ်။ သူတို့တွေဟာ စကော့တလန် အိုင်ယာလန် ဝေလတို့လိုမျိုး သီးခြားလူမျိုးစုအဖြစ် တောင်းဆိုနေတာ မရှိဘူး။ သူတို့ဟာ သီးခြား နယ်မြေ ပိုင်ဆိုင်မှု တောင်းဆို နေတာလည်း မြောက်ပင်လယ်မှာတောင် မရှိပါဘူး။ သူတို့ကိုယ်သူတို့ ဗြိတိသျှလို့ပဲ ခေါ်ကြတယ်။

၁၉၄၇ ခုနှစ်မှာ အဲဒီ စစ်တကောင်းသား ဘင်္ဂါလီတွေဟာ ရခိုင်ပြည်နယ်ကို နှစ်ခု ဖြစ်အောင်လုပ်ပြီး သူတို့အတွက်ပြည်နယ် ပိုင်ဆိုင်မှု တောင်းဆိုခဲ့ပါတယ်။ မူလပိုင်ရှင် ဖြစ်တဲ့ရခိုင်တွေက ဘိုစဉ်ဘောင်ဆက်က သူတို့ပိုင်တဲ့ ပြည်နယ်ကို နိုင်ငံခြားက ပြောင်းရွှေ့လာရောက်နေထိုင်တဲ့ အင်္ဂါလီတွေအတွက် ခွဲထုတ်ပေးရမယ်ဆိုရင် ဒေသခံ ရခိုင်တွေအနေနဲ့ ဘယ်လိုခံစားရမလဲ။ ဘီဘီစီနဲ့ ဦးထွန်းခင်ကို ကျွန်တော် မေးချင်ပါတယ်။

2 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More